၂၁ (Z+U)

2.3K 301 9
                                        

Zawgyi

"မမမြန်း … မနက်စာရပြီလား"

"ရပါ့တော် … ကောက်ညှင်းပေါင်းပူပူလေးနဲ့ မင်းဆက်အကြိုက် တို့ဟူးကြော်လေးတောင်ပါသေး"

ထမင်းစားပွဲ၌ မင်းဆက်ရာဝင်ထိုင်လိုက်လျှင်ပဲ ဖခင်ဦးမျိုးမာန်ဆက်သည်လည်း အခန်းထဲမှထွက်လာလေသည်။

"ဒီနေ့ ပွဲတစ်ခုတက်ရမယ်ဆို … ဟုတ်လား မင်းဆက်"

ဦးမျိုးမာန်ဆက်မှာ မြန်မာလူမျိုးပီပီပင် နှမ်းဖွေးဖွေးနှင့်ဆီရွှဲနေသောကောက်ညှင်းပေါင်းတစ်လုပ်ကို လက်နှင့်ကောက်ယူမြည်းစမ်းရင်းမှ မင်းဆက်ရာအား မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ် ဖေဖေ … အထွေအထူးတော့မဟုတ်ပါဘူး။ ပုဂံမှာရှိတဲ့ဟိုတယ်နဲ့ခရီးသွားအေဂျင်စီတွေရဲ့မိတ်ဆုံစားပွဲသဘောမျိုးပါ"

"အင်း … ကိုယ်ကဒီနယ်ပယ်မှာအသက်လည်းငယ်၊ဝါလည်းနုသေးတဲ့လုပ်ငန်းရှင်ဆိုတော့ ဒီလိုပွဲတွေကိုများများသွားသင့်တယ်။ ဒါမှ မိတ်ကောင်းဆွေကောင်းတွေပိုရပြီး လုပ်ငန်းလည်းတိုးတက်မှာ ဟုတ်လား"

"ဟုတ်ကဲ့ပါ ဖေဖေ"

လက်ရှိတွင် ဦးမျိုးမာန်ဆက်၏ကျန်းမာရေးမှာ အရမ်းကြီးဆိုးရွားသည်မဟုတ်သော်လည်း လုပ်ငန်းတစ်ခုကိုဦးဆောင်ရလောက်တဲ့အထိ မသန်မာတော့တာကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး 'ပုဂံမင်းဆက်'ဟိုတယ်၏ ဥက္ကဋ္ဌရာထူးအား မင်းဆက်ရာမှ လက်လွှဲယူခဲ့ပြီး ဖခင်ကိုတော့ အိမ်မှာသာအနားယူစေခဲ့သည်။

သို့နှင့် ​မောင်နှမသုံးယောက်လုံး လုပ်ငန်းကိုယ်စီဦးစီးနေရ၍ မျက်နှာချင်းဆိုင်ရဖို့ပင် အလိုလိုခဲယဉ်းသွားတော့၏။ ဒီနေ့လိုမျိုးဆိုလျှင် အိမ်၌ မင်းဆက်ရာနှင့်မြန်းဆက်ရာရှိနေသော်လည်း နန်းဆက်ရာမှာ အလုပ်ကိစ္စနှင့်မန္တလေးသို့ရောက်နေလေသည်။

"အဲ့ဒီတော့ မင်းဆက်က ဟိုတယ်အတွက်ရော ကုမ္ပဏီအတွက်ရော နှစ်နေရာစာပွဲတက်ရမှာပေါ့"

"မဟုတ်ဘူး မမ … ကုမ္ပဏီကိုယ်စားပြုအနေနဲ့က မိရွှေသွန်းတက်မှာ"

မင်းဆက်ရာကဲ့သို့ပင် ရွှေသွန်းစံကလည်း အဝေးသင်တက္ကသိုလ်တက်ရင်းမှ 'ပုဂံမင်းဆက်'Tour Companyတွင် အလုပ်ဝင်ခဲ့ခြင်းဖြစ်၏။

လှည်းဝင်ရိုးသံ (COMPLETED)Where stories live. Discover now