၂ (Z+U)

4.9K 532 26
                                    

Zawgyi

ဘုရားပွဲတစ်ခုရှိလျှင် လဝက် သို့မဟုတ် တစ်လတိတိ ပွဲဈေးတန်းရှည်ကြီးနှင့်သိုက်သိုက်မြိုက်မြိုက်ကျင်းပလေ့ရှိသောဓလေ့ကြောင့် ပွဲတော်ရက်ပြီးသွားသည့်တိုင် ပွဲဈေးတန်းကားလူစည်ကားနေဆဲဖြစ်သည်။

ပွဲဈေးအနီး တမာပင်တစ်ပင်အောက်တွင် ဖိုးရှုပ်တို့သူငယ်ချင်းတစ်စု ဝိုင်းဖွဲ့ကာစကားပြောနေသည်ကိုတွေ့ရသဖြင့် ယွန်းဆိုင်၌ ပျင်းပျင်းနှင့်ထိုင်နေမည့်အတူတူ မင်းဆက် ထိုစကားဝိုင်းသို့ထွက်လာခဲ့သည်။

"ငါတို့တွေဒီလောက်အစောကြီးထသွားတာတောင်မှ ဘယ်သူကပ်မှန်းမသိတဲ့ဆွမ်းဦးကအရင်ရောက်နှင့်ပြီးသားဖြစ်နေတယ်ကွာ။ ငါ့အမေကိုမေးကြည့်တော့ ပထမသပိတ်ကိုဆွမ်းလောင်းတာကနတ်ဒေဝါတွေတဲ့"

ကလေးများသည် ရွှေစည်းခုံ၏ပထမသပိတ်နှင့်ပတ်သတ်၍ အံ့သြဘနန်းဆွေးနွေးနေကြခြင်းဖြစ်ပေသည်။

"ရွှေစည်းခုံဘုရားကသိပ်တန်ခိုးကြီးလို့သာ နတ်ဒေဝါတွေကနှစ်တိုင်းမပျက် ဆွပ်းကပ်ပူဇော်တာပေါ့နော်"

ဖိုးရှုပ်၏အာပေါင်အာရင်းသန်သန်ပြောသည့်စကားကို စံထူးကလည်း နောက်မှလိုက်ကာထောက်ခံခြင်းဖြစ်သည်​။

မင်းဆက်ရာသည် လက်ထဲမှယူလာသော ကရေကရာမုန့်ဘူးကို ကလေးများ၏စကားဝိုင်းအလည်သို့ချပေးကာ သူလည်းပဲဝင်ထိုင်လိုက်သည်။

"ဒီလိုသိပ်တန်ခိုးကြီးတဲ့ရွှေစည်းခုံကိုတည်ခဲ့တဲ့ အနော်ရထာမင်းကြီးရဲ့အစွမ်းပကားကရော ဘယ်လောက်အထိကြီးကျယ်ခမ်းနားလိုက်မလဲလို့ မင်းတို့တွေးကြည့်ဖူးလား"

မင်းဆက်၏မေးခွန်းကို ပထမဆုံးစိတ်ပါဝင်စားစွာဖြေသူက ရွှေစည်းခုံဘုရားထဲက လက်မှုပစ္စည်းဆိုင်တစ်ဆိုင်၏သမီး အေးအေးမူဆိုသည့်ကလေးမလေးဖြစ်သည်။

"အေးမူတွေးကြည့်ဖူးတယ် ကိုကြီးမင်းဆက်။ အနော်ရထာမင်းကြီးက အစွမ်းရှိမှာပေါ့၊ သူကစိတ်ထားလည်းကောင်းတယ်၊ တော်လည်းတော်တယ်၊ အဲ … စည်းကမ်းကြီးကိုတာတော့ နည်းနည်းကြောက်တယ်"

ထိုအခါ ကရေကရာဝါးနေဆဲသာအောင်က ဗလုံးဗထွေးနှင့်ထပြောသည်။

လှည်းဝင်ရိုးသံ (COMPLETED)Opowieści tętniące życiem. Odkryj je teraz