၁၉ (Z+U)

1.9K 288 5
                                    

Zawgyi

Passportနှင့်အသုံးအဆောင်များကိုပြန်လည်စစ်ဆေးပြီးသည့်နောက်တွင် ချမ်းမြေ့စေသည် ငွေရောင်luggageကိုဆွဲ၍အခန်းထဲမှထွက်လာခဲ့သည်။

"အသင့်ပြင်ပြီးပြီလား သား … လာ မနက်စာထိုင်စားဦး … စီနီယာကဘယ်အချိန်ရောက်မှာတဲ့လဲ"

"ခဏနေလာခေါ်မှာ ဖေဖေ …"

စားပွဲတွင်ဝင်ထိုင်လိုက်သောချမ်းမြေ့စေ၏ထမင်းပန်းကန်လုံးလေးထဲသို့ ဖေဖေက သုံးထပ်သားနှင့်ပဲပင်ပေါက်တို့ကို တူနှင့်ညှပ်ထည့်ပေးလေသည်။ ပဲပြားဟင်းရည်နှင့်ကင်ချီလည်းပါသောကြောင့် မနက်စာအနေနှင့်အတော်လေးပြည့်စုံသည့်ထမင်းဝိုင်းဟုပြော၍ရပါသည်။

များသောအားဖြင့် ဆိုးလ်မြို့သူမြို့သားတို့မှာ အိမ်၌မနက်စာစားလေ့မရှိဘဲ ကျောင်း သို့မဟုတ် အလုပ်ခွင်မှသာ ကော်ဖီတစ်ခွက်၊ပေါင်မုန့်တစ်လုံးဖြင့်သာဗိုက်ဖြည့်ကြသော်လည်း ချမ်းမြေ့စေ၏ဖခင်မှာတော့ ဇနီးသည်ဆုံးပါးသွားပြီးသည့်အချိန်မှစ၍ အလုပ်အားသည်ဖြစ်စေ အလုပ်မအားသည်ဖြစ်စေ ချမ်းမြေ့စေအား မိခင်ရှိစဉ်ကအတိုင်း မနက်စာကိုဂရုတစိုက်ချက်ကျွေးရှာသည်။ ချမ်းမြေ့စေ၏ကျောင်းစာနှင့်ပတ်သတ်၍ ကျူရှင်ယူထားသည့်အပြင် သူကိုယ်တိုင်လည်းအထူးကြပ်မတ်ပေးသည်။ အားလပ်ရက်တိုင်း သားအဖနှစ်ယောက် Dateလုပ်ကြသည်။ အမိမဲ့သားဟူ၍ စိတ်အားငယ်ခြင်းမဖြစ်ရစေရန် ချမ်းမြေ့စေအား အရာရာတွင်ဂရုတစိုက်ပျိုးထောင်ပေးခဲ့သောဖခင်ကောင်းတစ်ယောက်ဖြစ်လေသည်။

"မြန်မာအစားအစာနဲ့ပုဂံအစားအစာရဲ့ကွာခြားချက်ကို သား သိလား"

"မြန်မာအစားအစာတွေကဆီများပြီးလေးတယ် ဖေဖေ … ကိုရီးယားစာကတော့ ခြောက်ကပ်ကပ်နဲ့အရသာပေါ့တယ်"

"ဒီလိုဆို သားကရော ဘယ်ဟာကိုပိုကြိုက်လဲ"

ချမ်းမြေ့စေ၏ဖခင်တွင် ဤသို့ကလေးဆန်သောမေးခွန်းများလည်း မေးမကုန်ဖွယ်ရှိနေတတ်သေးသည်။ တစ်ခါတစ်ရံ၌ ကိုရီးယားရိုးရာဓလေ့နှင့်မြန်မာ့ဓလေ့ထုံးစံတို့၏ကွာခြားချက်ကိုဆွေးနွေးတတ်၍ တစ်ခါတစ်လေ ကိုရီးယားရာသီဥတုနှင့် မြန်မာ့ရာသီဥတုကိုနှိုင်းယှဉ်တတ်သေးသည်။ ချမ်းမြေ့စေမှ 'ဘာကြောင့်လဲ'ဟုဆိုသည့်အခါမျိုးတွင် 'မင်းမေမေရဲ့နိုင်ငံအကြောင်းပိုသိချင်လို့ပါ'ဟုဖြေတတ်သော်လည်း အမှန်စင်စစ်မှာမူ အဖေတို့၏သဘောသဘာဝအရ ဓာတ်ပုံထဲကကောင်လေးအား ဝန်တို၍မေးခြင်းသာဖြစ်ပါလိမ့်မည်။

လှည်းဝင်ရိုးသံ (COMPLETED)Donde viven las historias. Descúbrelo ahora