နှုတ်ဆက် - နှုတ်ဆက်

1.9K 178 30
                                    

Zawgyi

Edited

ဝင့်ကဇာတ်လမ်းအစကတည်းကဒါကိုတအားရေးချင်ခဲ့တာပါ။ ကျေးဇူးတင်ရမယ့်စာရေးဆရာတွေ၊စာအုပ်တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကိုဖော်ပြချင်လွန်းလို့လေ။ အခုတော့တကယ်ရေးရမယ့်အချိန်ရောက်လာပြီ။

ပထမဦးဆုံးအနေနဲ့ ပုဂံရဲ့မြေပြင်အနေအထား၊ဘုရားတည်ရှိရာအရပ်မျက်နှာတွေ၊ဘုရားသမိုင်းတွေနဲ့နံရံဆေးရေးတွေကိုကိုးကားခဲ့တဲ့စာအုပ်တွေကိုဖော်ပြပေးပါမယ်။

၁။ ပုဂံစေတီပုထိုးများသမိုင်းနှင့်ခရီးသွားလမ်းညွှန်-တင်နိုင်တိုး

၂။ ပုဂံစေတီပုထိုးများ-အခြား

၃။ ပုဂံစေတီပုထိုးများ၏သမိုင်းဝင်ရှေးဟောင်းဓာတ်ပုံများ(ဒုတိယတွဲ)-ယဉ်ကျေးမှုဝန်ကြီးဌာန

၎။ ပုဂံရှေးဟောင်းသုတေသနပြတိုက် ပြသပစ္စည်းများနှင့်မြန်မာကျောက်စာ စာစုစာရင်း-မင်းဆွေ(ရှေးဟောင်းသုတေသန)

၅။ ပုဂံခရီးသည်-ပါရဂူ

၆။ ပုဂံဘုရားပုထိုးများ ၁/၂-အခြား

ထပ်ပြီး ပုဂံသမိုင်းကြောင်းနဲ့ပတ်သတ်ပြီးဝင့်ဖတ်ခဲ့တဲ့စာအုပ်တွေဖော်ပြပေးပါမယ်။

၇။ ရာဇကုမာရ-ချစ်ဦးညို

၈။ မဏိစန္ဒာဥဒါန်း-ချစ်ဦးညို

၉။ အိုဘယ့်အနော်ရထာ-တက္ကသိုလ်စိန်တင်

၁၀။ ပုဂံမှာကျန်စစ်သား-တက္ကသိုလ်စိန်တင်

စတဲ့စာအုပ်များနဲ့စာရေးဆရာများအားလုံးကိုဂါဝရတရားနဲ့ကျေးဇူးတင်ချင်ပါတယ်။

ဝင့်ကဒီစာအုပ်ဆယ်အုပ်ထဲကအဓိကအချက်တွေကို စာအုပ်တစ်အုပ်ထဲမှာလက်ရေးမူနဲ့noteအရင်ထုတ်ပါတယ်။ ပြီးမှတစ်အုပ်နဲ့တစ်အုပ်ပြန်တိုက်တာပါ။ အဲ့မှာတစ်အုပ်နဲ့တစ်အုပ်တူတဲ့အချက်တွေရှိသလို မတူကွဲလွဲနေတဲ့သမိုင်းကြောင်းတွေရှိပါတယ်။ ဒါကိုမှ နှစ်အုပ်တူပြီး တစ်အုပ်ကကွဲနေတယ်ဆို များတဲ့နှစ်အုပ်ရဲ့ယူဆချက်ကိုယူသလို၊ စာအုပ်တိုင်းကွဲလွဲနေတဲ့အချက်တွေရှိတယ်ဆိုရင်တော့ ဝင့်အတွေးထဲမှာယုတ္တိတန်တယ်လို့ထင်တာကိုယူလိုက်တာပါ။ ဒီficထဲမှာထည့်ရေးထားသလိုပဲ သမိုင်းဆိုတာက ဘယ်သူ့ဟာအမှန်၊ဘယ်သူ့ဟာအမှားလို့ တစ်ထစ်ချကြီးပြောလို့ရတဲ့အရာမှမဟုတ်ဘဲနော်။

Has llegado al final de las partes publicadas.

⏰ Última actualización: Feb 22, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

လှည်းဝင်ရိုးသံ (COMPLETED)Donde viven las historias. Descúbrelo ahora