Part-8

3.3K 284 13
                                    

*Unicode*

ဒီအသက်အရွယ်ထိ ပေါ့ပေါ့လေး ဘဝကိုဖြတ်သန်းလာခဲ့တာ။ စိတ်လှုပ်ရှားလိုက်တာတို့ ရင်ခုန်လိုက်ရတာတို့...ဘယ်တုန်းကမှမဖြစ်ဖူးဘူး။

ဒီလူ...ခုထိနာမည်တောင်မသိသေးတဲ့ သူစိမ်းတစ်ယောက်နဲ့မှ သူ့မှာဂယောင်ခြောက်ခြား။ ယောက်ျားတစ်ယောက်အပေါ်မှ ဘာတွေထူးထူးဆန်းဆန်း ခံစားနေရသလဲ...မုန်းလိုက်တာ။

မငိုဖူးတာမဟုတ်ဘူး။ အကြိမ်ကြိမ်မျက်ရည်ကျဖူးတယ်...သုတ်ပေးခဲ့တဲ့လူမရှိဘူး။

နေမကောင်းတယ်...တစ်ခါမှ ယုယုယယ ပြုစုပေးခံရတာမရှိဘူး။ ဂေဟာမှာဆိုလည်း ကလေးတွေအများကြီးကြားထဲ တခါတလေ သူဖျားနေပါတယ်ဆိုတာ သိတဲ့လူမရှိခဲ့ဘူး။

တခြားလူတွေဆီက အအော်ခံ၊ အနှိမ်ခံ စကားတွေ ခနခနကြားဖူးတယ်။ စေတနာဒေါသဖြစ်ပြီး အအော်ခံရတဲ့ ကြင်နာမှုမျိုးတော့ မကြုံဖူးဘူး။

ဒါတွေအကုန်လုံးကို ဒီသူစိမ်းတစ်ယောက်ဆီက ရခဲ့တယ်။ ဘာအတွက်လဲ...မမေးရဲဘူး။ တစ်သက်နဲ့တစ်ကိုယ် ကိုယ်မှန်ရင် မဝံ့မရဲမဖြစ်ဖူးပေမဲ့ ဒီလူနဲ့မှ ခံစားချက်တွေက တုန်တုန်လှုပ်လှုပ်။

နူးနူးညံ့ညံ့တွေပြုမူပေးတယ်၊ ဆက်ဆံပေးတယ်။ လူပဲ အတ္တရှိတယ်လေ။ ဒါတွေကို မက်မောတယ်။ ပိုသေချာတာက ဒီလူဆီကပဲ မက်မောမိတာ။ အကြောင်းပြချက်တော့ လိုနေပြီ...။

" ယင်းရေ၊ ကောင်လေး နိုးပြီလား "

" ယင်း ထတော့လေ "

" အင်းးးးး ခန "

ကျန်သေးတာပဲ...မိုးလင်းလို့မျက်စိပွင့်တာနဲ့ တိတ်ဆိတ်တဲ့အိမ်ထဲ မျက်နှာကျက်ကိုငေးပြီး လက်သီးတွေတင်းနေအောင် ဆုပ်ထားဖူးတယ်။

ခုတော့ ဒီလို ခနပါဆိုပြီး နွေးလွန်းတဲ့စောင်တွေကြားထဲ ပြန်‌ကွေးနေတာကို စောင့်နေပေးတဲ့လူ ရှိလာပြီ။ သေချာပေါက် ဒီသူစိမ်းပဲ။

" ကဲ ထတော့ကိုယ်တော်၊ အောက်မှာ အဖေလည်း ရောက်နေပြီ "

" ဟင် ဟိုဦးလေးလား "

" ဟုတ်တယ်လေ၊ မင်းနဲ့အဖေက ဘာတွေလဲဆိုတာ ငါသိဖို့လိုအပ်တယ် "

နွယ်ရှင် {Complete}Where stories live. Discover now