Part-5

3.9K 316 15
                                    

*Unicode*

ပုံမှန်နိုးလာတဲ့ မနက်ခင်းတွေတိုင်း တိတ်ဆိတ်လွန်းတဲ့ အိမ်ကြီးထဲ သူအမြဲစိတ်ပျက်နေခဲ့တာ။ ဒီတခါတော့ အဲ့လိုမဟုတ်။ တတ်ကြွနေမိသည်။

ခုထိ နိုးပုံမရသေးတဲ့ ကောင်လေးကို သွားနိုးရမည်။ သူလုပ်ကျွေးတဲ့ မနက်စာကို အားရပါးရစားနေတာ ထိုင်ကြည့်ရအုံးမည်။ သတ်သေမယ်ထင်လို့ အော်ဆဲတာပါ ဆိုတဲ့ သူစိမ်းကောင်လေး အတွက်လေ... စိတ်လှုပ်ရှားနေတယ်တဲ့။

ဒေါက်...ဒေါက်...

" ကောင်လေး ... ကောင်လေး မနိုးသေးဘူးလား၊ ဝင်လာပြီနော် "

" အင့် ဟင်းးးး "

" ကောင်လေး ဘာဖြစ်... "

စောင်ပုံထဲကွေးကွေးလေးနဲ့ ညည်းနေတဲ့ အသံတွေကြောင့် နဖူးစမ်းကြည့်တော့ ပူခြစ်နေတာပဲ။ အနာကြောင့်ဖျားသွားပုံရသည်။ တစ်ညလုံးဘယ်လိုများ နေခဲ့ရမလဲ။

" ကောင်လေး သတိထားအုံးလေ၊ ထ ရေပတ်တိုက်ရမယ် "

" ဟင်းးး အိမ်ပြန် ပို့ ပေး "

" ရမလားကွာ လာ ထိုင်အုံး၊ ကိုယ်ပူကျအောင် အရင်လုပ်ရမယ် "

" ဖယ် မထိနဲ့၊ အိမ်ပြန်ပို့ပေး လို့... "

" ဒီလောက်ပူခြစ်နေတာ ဘာတွေ ခေါင်းကြောမာနေတာလဲ ဟမ် "

အတင်းကို ကုတင်ပေါ်က ဆင်းပြီးအိမ်ပြန်မယ်လုပ်နေသည်။ လူကြည့်တော့ တစ်ချက်တွန်းလိုက်ရုံနဲ့ ခွေခေါက်သွားနိုင်သည်ကို။

အသံမာမာနဲ့ ပြောလိုက်တော့လည်း ငုတ်တုတ်ထိုင်နေရင်း ငြိမ်ကျသွားပြန်သည်။ ရေပတ်တိုက်ဖို့ အဝတ်နဲ့ရေသာ အပြေးယူရတော့သည်။

" ချွတ် အင်္ကျီကို၊  လက်မြှောက်အုံး "

" ..... "

" ကောင်လေး ခေါင်းမာတာ နေရာတိုင်းမကောင်းဘူးနော်၊ ခုချွတ် အင်္ကျီကို "

သိလိုက်ပါပြီ။ လေသံကို ပုံမှန်ထက်သုံးဆလောက် မြှင့်ပြောမှ လိုက်လုပ်သည်။ ခုထိ ခေါင်းကိုအောက်စိုက်ထားတုန်း။

" လိုလို့လား ဟမ်၊ ရေတွေနဲ့ လျှောက်ပွတ်နေတာ အရူးပဲ "

" စကားမပြောနဲ့ ငြိမ်ငြိမ်နေ၊ အင်္ကျီနောက်တစ်ထည် သွားယူအုံးမယ်၊ စောင်ထဲကွေးနေ "

နွယ်ရှင် {Complete}Where stories live. Discover now