Part-20

2.5K 177 7
                                    

*Unicode*

ခြောက်လကျော်လောက်သာ ရှိအုံးမဲ့ ကလေးငယ်ကို နိုင်ငံခြားကနေ မြန်မာပြည်ထိ ထွေးပိုက်ပြန်လာတဲ့ လွှာဟာ ဘယ်အကြောင်းကိစ္စတွေများ ရှိနေနိုင်‌လောက်လဲ။

" ဒီး.... "

အိမ်ရှေ့အဝင်အဝမှာတင် မတ်တပ်ရပ်အနေအထားတွေဟာ တော်တော်လေး အကျည်းတန်တဲ့ ဆေးချက်တွေလိုပဲ။

ယင်းကတော့ ဘာစကားမှ ထပ်မပြောနိုင်။ ဒီးအမည်ကိုသာ ခေါ်ပြီး စိတ်ထဲတော့ ချောက်ကမ်းပါး အစွန်းမှာ ကူကယ်ရာမဲ့နေတဲ့ လူလို။

" ကို လွှာ့ကို မမေ့ဘူးမလားဟင်... "

" လာ အိမ်ထဲ အရင်ဝင်ကြရအောင် "

ဒီးရဲ့ အိမ်ထဲခေါ်သွင်းခြင်းနောက်မှာတော့ အစောကလေးတင် ဒီဆိုဖာတွေပေါ်မှာ ကြည်နူးနေခဲ့သမျှက တဟုန်ချင်းပဲ ‌မီးတွေလို ပူလာသည်။

" ယင်း ဘယ်သွားမှာလဲ၊ ဒီမှာလာထိုင် ကိုယ်နဲ့ "

မလိုအပ်လောက်ဘူး ထင်လို့ အခန်းထဲ ဝင်နေမယ် တွေး‌ပေမဲ့ အနားလာထိုင်ခိုင်းတော့လည်း မျက်နှာချင်းဆိုင်က လွှာဆိုတဲ့ အမျိုးသမီးကိုသာ စိုက်ကြည့်နေလိုက်သည်။

" လွှာ မင်းက နိုင်ငံခြားမှာမဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ "

" ကို...ဒါလွှာ့ရဲ့ ကလေးပါ နောက်ပြီး... "

လွှာဆိုတဲ့ အမျိုးသမီးရဲ့ ထပ်ထွက်လာမဲ့ စကားတွေကြားမှာ ယင်းရဲ့ လက်သီးတွေဟာ အကျစ်သား။ ဆက်ပြော၊ ဆက်ပြောစမ်းပါအုံး။

" လွှာတောင်းပန်ပါတယ်နော်၊ ကို့ကိုထားခဲ့မိလို့... "

လွှာဟာ ဘယ်စကားတွေကို ဘယ်လိုဦးတည်ပြောချင်နေသလဲ သူမသိတော့။ ရုတ်တရက်ထားသွားခြင်းအတွက် တောင်းပန်‌နေပေမဲ့ ပြီးသွားတဲ့ အချိန်တွေကို ပြန်တွေး ပြန်ခံစားဖို့ စိတ်ကူးမရှိတော့ပါ။ သူ့ဘေး ယင်းတစ်ယောက်လုံးရှိနေခဲ့ပြီပဲ။

" ရတယ်၊ အဲ့ကိစ္စတွေ ကိုယ်အတွေးထဲ မရှိတော့ဘူးလွှာ၊ လိုရင်းသာ ပြောရအောင်၊ ဘယ်လိုဖြစ်ပြီး ဒီပြန်ရောက်လာတာလဲ ကလေးကကော "

အိပ်ပျော်သွားပြီဖြစ်တဲ့ ကလေးမကို မေးငေါ့ပြတော့ လွှာဟာ အငိုမရပ်တော့။ ဘာတွေဒီလောက်ဖြစ်နေရတာလဲ။

နွယ်ရှင် {Complete}Where stories live. Discover now