Part-27

1.7K 123 1
                                    

*Unicode*

ထူးထူးဆန်းဆန်းပဲ ဒီးအဖေအလုပ်ဆီ သွားတဲ့ လမ်းတစ်လျှောက် ကားလေးပေါ်မှာ ပိုပိုသာသာ အချစ်တွေလျှံထွက်နေသည်။ တရားခံသည် ကမ္ဘာငယ်ရဲ့ အရာလေး။ နောက်ခန်းမှာ ဇိုင်းဇေ ပါလာတာမို့ တမင်ကိုချွဲပြစ်ပြီး ဒီးကို ချစ်မဝတဲ့ ပုံစံမျိုး ဖန်တီးပြနေသည်။

ဒီးကတော့ ပြုံးပြုံးလေးနဲ့အလိုက်သင့် စကားပြန်ပြောပေးသည်။ ကားမောင်းတာကိုလည်း အာရုံစိုက်ရသလို ယင်းပြောတာတွေလည်း နားထောင်နေရသည်။ ဘိန်းဖြူတွေ့တယ်ဆိုတဲ့ ကိစ္စကိုတော့ အသေအချာကို ဒီးသည် ဦးနှောက်ကို အလုပ်ပေးနေသည်။

နောက်ခန်းက ဇိုင်းဇေမှာလည်း ယင်းရဲ့ ပွစိညံနေအောင် ပြောနေတဲ့စကားတွေထဲ ဒီးလို့တစ်ခါကြားတိုင်း မျက်ဝန်းတွေဟာ ခက်ထန်ရသည်။ သို့သော် ဇိုင်းဇေသည် ခပ်ပြုံးပြုံး။

" ဒီး! သိတယ်မလား၊ နောက်ဆိုကျွန်တော်ပြောသလို လုပ်နော် "

" နော်လို့ ဒီး...! "

" အင်းပါ ယင်းရယ်၊ ခနတော့စကားပြောတာနားပါအုံး၊ မမောဘူးလား ဟင်.. "

မီးနီတုန်း ယင်းမျက်နှာကို လှည့်ကြည့်နေပေမဲ့ စောနက ယင်းဘာပြောလိုက်သလဲ သူမသိ။ ခနလောက် နားပါအုံးလားဆိုတာတော့ အမှန်ပေ။ အိမ်ကထွက်လာထဲက မရပ်တော့တဲ့ စကားတွေသည် တရစပ်။

" ရေသောက်အုံး ရော့ "

" အင်း ပေး "

" အရာ ကိုယ့်ကိုကောမတိုက်ချင်ဘူးလား "

" အဟွတ် အဟွတ်.... "

" ယင်း..! ဖြည်းဖြည်းလေ သီးကုန်ပြီ "

" ရော့..အရာ တစ်ရှူး "

" မ လို ဘူး !! "

" Ok "

ဒီးပေးလာတဲ့ ရေဘူးကိုသောက်နေရင်း နောက်ခန်းက လူက ကိုယ့်ကိုကော မတိုက်ချင်ဘူးလားတဲ့။ တမင်သီးပြလည်း မရ။ တစ်ရှူးတွေလာပေးနေတသည်။ ယူစရာလား သူ့ဒီးတစ်ယောက်လုံး ရှိတာ။

သူ့ကိုခေါ်မလာချင်ပေမဲ့ ကျွန်တော်ကားမပါလာဘူးဗျ တဲ့။ တော်တော်ယဉ်ကျေးနေတဲ့ လူကြောင့် ခေါ်တင်လာရတာ။ ဒီကားကို နောက်တော့အသစ်ပြောင်းခိုင်းတော့မယ်။ အဲ့အနောက်ခန်းက လူတကာထိုင်နေတာ ညစ်ပတ်နေလောက်ပြီ။

နွယ်ရှင် {Complete}Where stories live. Discover now