Part-4

3.9K 321 7
                                    

*Unicode*

" မင်း အတော်ကို ရိုင်းတာပဲ၊ စရိုက်‌တွေက ကြမ်းလိုက်တာ "

ရှူးရှူးရှဲရှဲနဲ့ ထိုးကြိတ်တာမျိုးက သူ့လိုလူတွေ အလုပ်မဟုတ်လို့ ရှေ့က သူ့ထက်အ‌တော်ငယ်မဲ့ ဂတုံးကေနဲ့ကောင်လေးကို ခပ်အေးအေးနဲ့သာ ပြန်ပြောဖြစ်တော့သည်။

" ရိုင်းလည်း ခင်များ အပူလား၊ ဖယ် လက်တွေက၊ ဒီနေ့က ဘူပဲ၊ အ့ "

" ဟေ့ ခြေထောက်‌က သွေးတွေလား "

ဒီးနက္ခတ် သူ့လက်ထဲက ပျာပျာသလဲ ရုန်းနေတဲ့ ကောင်လေးကြောင့် အသာလွှတ်ပေးလိုက်တော့ မြင်လိုက်ရတဲ့ ကောင်လေးခြေထောက်က သွေးတွေကြောင့် ဒေါသစိတ်တွေတောင် ပြေရသည်။

အနာရှိ‌နေရက်နဲ့ ဘယ်လို နမော်နမဲ့နိုင်တဲ့ လူစားမျိုးပါလိမ့်။

" ဖယ်ပါဆို၊ သတ်သေတာမဟုတ်လည်း ဒိုးတော့၊ နာရတဲ့ကြားထဲ "

‌စောနလေးတင် အော်ဟစ်နေတာ သူမဟုတ်သလို မျက်နှာတစ်ခုလုံးရှုံ့မဲ့လို့ ကောင်လေးအသံက ခပ်တိုးတိုးသာ ထွက်လာတော့သည်။

ကောင်လေးရဲ့ ခြေထောက်က တစ်ခုခုနဲ့ ထိထားပုံရသည်။ ခြေထောက်က သွေးတွေ စိမ့်ထွက်နေတာ မရပ်တော့ဘူး။ နောက်ပြီး ဒီလိုလူကြားထဲတောင် သူစိမ်းတစ်‌ယောက်ကို အော်ဟစ်ပြောဆိုရဲတာ နည်းတဲ့ သတ္တိလား။

" မင်း ငါ့အိမ်လိုက်ခဲ့မလား ကောင်လေး "

" ဘာ..... "

" ..... "

ဒီးနက္ခတ် ကိုယ့်ဘာသာ ပြောချင်ရာ ပြောမိပြီးမှ သေချာပြန်စဉ်းစားယူရသည်။ ဘာတွေပြောထွက်ကုန်သလဲ။ လူဆိုးလား လူကောင်းလား ခွဲမရတဲ့ ဒီခေတ်ကြီးထဲလေ။ သူ့ကိုမှ ပြစ်ပြစ်နှစ်နှစ် အော်ဆဲခဲ့တဲ့ သူကိုလေ။ အဆဲခံလိုက်ရလို့ လွတ်သွားသလား။

" ဘာလဲ ကျနော့်ကို အိမ်ထဲသွင်းပြီး ရိုက်မလို့လား၊ ဒါမှမဟုတ် အော်ဆဲပါတယ် ဆိုပြီး ငွေတောင်းမလို့လား၊ လာမစမ်းနဲ့နော်၊ ဘာမှ လုပ်‌မပေးနိုင်ဘူး "

" မဟုတ်ဘူးလေကွာ မင်း...."

" ဘာတွေ မှုန်ကုတ်ပြီးလာကြည့်နေတာလဲ၊ ပြောပြီးပြီလေ သတ်သေမယ်ထင်လို့ ဆဲမိတာပါဆိုမှ၊  အာရုံသိပ်မစားနဲ့ ခင်များ "

နွယ်ရှင် {Complete}Where stories live. Discover now