Part-46

1.6K 101 16
                                    

*Unicode*

ဦးကောင်းနက္ခတ်လည်း ဆေးအကူတွေနဲ့ သက်သာနေပြီ။ အထူးသဖြင့်တော့ ဇိုင်းဇေဆိုတဲ့ သူ့မွေးစားသားလို ကောင်လေးအကြောင်း သိရတုန်းကတော့ ခေါင်းတညိတ်ညိတ်နဲ့ပဲ ရအောင်အဆုံးသတ်ခဲ့သည်။

ကံအကျိုးပေးမကောင်းခဲ့တော့ အသေဆိုးမျိုးနဲ့ သေခဲ့ရတဲ့အပေါ် ဦးကောင်း ဇိုင်းဇေအတွက် စိတ်မကောင်းဖြစ်မိတာတော့အမှန်။

လူတော်လေးတစ်ယောက်၊ လူကောင်းလေးတစ်ယောက်အနေနဲ့ လောကကြီးထဲ အချိန်ကြာကြာ ရပ်တည်နေနိုင်ပေမဲ့ လောဘတွေများလွန်းသွားတာကိုး။

ရက်လည်အတွက်လည်း ရဲမှူးငယ်တစ်ယောက်က အစအဆုံး သေချာစီစဉ်ပေးနေတယ်ဆိုတဲ့ စကားကြားရပေမဲ့ သူကိုယ်တိုင်လည်း ဖြည့်စည်းပေးချင်သေးသည်။

နက္ခတ်က လက်မခံပေမဲ့ ကျန်းမာရေးသိပ်မကောင်းတဲ့ အဖေ့စကားမို့ မအီမလည်နဲ့ ခေါင်းညိတ်ရသည်အလား သူနဲ့ယင်းကတော့ ဘယ်တော့မှ ဇိုင်းဇေဆိုတဲ့လူနဲ့ ထပ်ပတ်သပ်ဖို့ ရှိမှာမဟုတ်ဘူး ဆိုလာသည်။

နောက်ပြီး ဦးကောင်းနက္ခတ် အတွေးတွေထဲ သူ့သားရဲ့ဆိုင်သူလေး။ ဒီကလေးအတွက်ကတော့ သူထပ်ပြီး မျက်နှာပျက်ခဲ့ရပြန်ပြီ။

ယင်းမာရဲ့သားလေးမို့ ပြန်ရှာတွေ့ထဲက အကျအနလေး နေထိုင်သွားစေချင်ပေမဲ့ ဖြစ်လာရတဲ့ အကြောင်းတရားတွေပေါ်တော့ သူထပ်ပြီး အဲ့ကလေးကို တောင်းပန်စကားဆိုရအုံးမည်။

လောကကြီးမှာ မျှော်လင့်မထားတာတွေက ရံဖန်ရံခါမဟုတ် အချိန်တိုင်းကို စိတ်အစုံကို တိုက်စားနေပါရော့လား။

ဆေးရုံမဆင်းခင် နေ့လည်က သူ့အခန်းထဲ သားနဲ့ယင်းညှို့ရာ လာသေးသည်။ ကလေးမျက်နှာက ဘာမှမဖြစ်ခဲ့သလို ကြည်ကြည်လင်လင်လေးမို့ သူတို့စကားဝိုင်းထဲ ဇိုင်းဇေအကြောင်း တစ်ခွန်းမဟခဲ့ပဲ ပျော်ပျော်ပါးပါး စကားလက်ဆုံကျစေလိုက်သည်။

ထပ်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတော့ အလုံးစုံစိတ်ချရတော့မှ ဆေးရုံဆင်းခဲ့ကြသည်။ နက္ခတ်က သူ့အိမ်မှာ လာနေပါပြောပေမဲ့ အဆင်ပြေကြောင်း၊ အိမ်မှာပဲ သူအရင်လို နေလိုကြောင်း ပြောလာတော့မှ လက်သင့်ခံသည်။

နွယ်ရှင် {Complete}Where stories live. Discover now