Part-28

1.8K 124 11
                                    

*Unicode*

သူ့ကိုသတိမေ့ပြီး အလုပ်အကြောင်းတွေကြီး တွေးမိလိုက်တော့ စိတ်ကောက်သွားမှန်း အသေအချာသိနေပြီမို့ ခြေလှမ်းသွက်သွက်နဲ့ပဲ အဖေ့ရုံးခန်းထဲကထွက် ဓာတ်လှေကားစီး ကားဆီရောက်အောင် သွားရသည်။ ပိုဆိုးတာက ကားသော့က သူ့ဆီမှာ။ ဒါဆိုယင်းကကော...

" ယင်း...ကလေး... "

" ကလေးငယ်... "

ကားဘေးမှာ ငုတ်တိုင်ထိုင်ပြီး မျက်နှာရှစ်ခေါက်ချိုးပုံစံနဲ့။ တကယ်ဆူပုတ်နေတဲ့ မျက်နှာထားနဲ့ လက်ပိုက်ထားတဲ့ပုံစံလေးဟာ အမေဆူလို့ ပြန်လည်းမပြောနိုင်၊ ခံလည်းမခံနိုင်တော့ ဖြစ်နေရတဲ့ ကလေးတစ်ယောက်လို။

ဘေးကလုံခြုံရေး ဝန်ထမ်းတွေကတော့ အလာတုန်းက သူကိုယ်တိုင် လက်တွဲခေါ်လာတဲ့ သူမို့ ဘာမှမပြောပဲ ရပ်သာကြည့်နေကြသည့်ပုံပါပဲ။

" ကလေး၊ လာ ကားပေါ်တတ်... "

" ..... "

" လာ! "

" ဟ့! ခင်များ... "

ဆောင့်ကြောင့်ထိုင်နေတဲ့ ကိုယ်လေးကို အရုပ်လေး ကောက်ပိုက်လိုက်သလို ပွေ့ချီလိုက်တော့ ခြေထောက်တွေကအစ ကွေးကွေးလေး သူ့ရင်ခွင်ထဲ ပါလာရသည်။ ဒီလိုအချိန်တော့ ပတ်ဝန်းကျင်လည်း မမူ့နိုင်ပါ။ ရွှေစိတ်တော် ကောက်တော်မူနေတဲ့ သူ့ကလေးဘုရင်ကြီးသာ အရေးအကြီးဆုံး။

" ဖယ်စမ်းပါ၊ လွှတ် လာမထိနဲ့!! "

" ဟုတ်ပါပြီ၊ ကားထဲတော့ ရောက်အောင်ဝင်ပါအုံးကွာ၊ နော်.. "

" ဖယ်တော့ ဟင်းး! "

" စိတ်ကောက်သွားဝာာလား ကိုယ့်ကလေးငယ်က ဟင်... "

" ........ "

ယင်း ပြန်မဖြေပဲ မျက်နှာကိုကားမှန်နဲ့သာ တစ်စောင်းကြီး အပ်ထားလိုက်သည်။ ရယ်ချင်နေတာ သေးတောင်ထွက်တော့မည်။ ပူတူတူးလေးတဲ့။ အသံဩဩကြီးက ခေါ်လိုက်ရင် သူ့မှာ တကိုယ်လုံးက အကြောတွေ နိုးထလာရသည်။

ဒါကို အလိုက်မသိ နှုတ်ခမ်းကိုနမ်းလိုက် ခေါင်းကို လာနမ်းလိုက်နဲ့မို့ ဒီးကို ကျောပေးပြီး တံခါးမှန်နဲ့သာ မျက်နှာအပ်ပြီးရင်း အပ်ထားရသည်။ တစ်စက်ကလေးမှ လွယ်ကူမနေဘူး။

နွယ်ရှင် {Complete}Where stories live. Discover now