BYE🕊️

1.3K 91 20
                                    

*Unicode*

နွယ်ရှင်ရဲ့ ပြီးပါပြီဆိုတဲ့ အဆုံးသတ်ကို ရောက်လာပြီမို့ ပြောပြချင်သေးတဲ့ အကြောင်းအရာတွေကို ရေးပြီးနေပါပြီ။

ဒါက သုံးကြိမ်မြောက် စကားအသစ်တွေ ဖြစ်နေပါလိမ့်မယ်။ အပိုင်းတွေလျော့ချပြီး ပြန်တင်ရင်း သုံးကြိမ်မြောက် စကားလုံးအသစ်တွေ ထပ်ထွက်လာခဲ့ပြန်ပါတယ်။ ရှေ့အရင် ဖတ်ခဲ့ဖူးသူတွေ ဒီအပိုင်းကို လာကြည့်မိရင် ရယ်မိမယ်ထင်ပါတယ်၊ ကိုယ်လည်း ခပ်ပြုံးပြုံးကြီး ရေးနေခဲ့တာပါပဲ။

မနေ့ကနဲ့ ဒီနေ့တောင် စိတ်နေစိတ်ထားတွေက မ‌တူတော့လေ အဆုံးသတ်တွေမှာ စကားတွေပြောချင်လာတာကလည်း မနှစ်ကနဲ့ ဒီနှစ် မတူပြန်တော့ပါပဲ။

လူ(၁၀၀) မှာ (၁၀)ယောက် သဘောကျနိုင်မဲ့ နွယ်ရှင်ကို အချိန်တွေအကုန်ခံပြီး ဖတ်ပေး၊ ဝေဖန်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို အများကြီး အားနာပြီး အများကြီး ကျေးဇူးတင်ရပါတယ်။

နွယ်ရှင်ကို ၂၀၂၀နှစ်ဝက်လောက်မှာ စိတ်ကူးမိခဲ့ပြီး Noteထဲ ချရေးဖြစ်ခဲ့တာ၊ ၂၀၂၁ နှစ်ကုန်ပိုင်းနားမှာ ဒီနေရာကနေ Publish လုပ်ဖြစ်ခဲ့ပါတယ်။

အံ့ဩစရာအကောင်းဆုံးက သဘောကျကြောင်း လာပြောကြတဲ့သူတွေ၊ ဒီးနဲ့ယင်းကို အများကြီး ချစ်ပေးကြတဲ့ သူတွေ ရှိနေတာပါပဲ။ တကယ်ကို စိတ်ထဲ အားနာရပြီး surprise ဖြစ်ရပါတယ်။

သဘောကျကြောင်း လာပြောကြတဲ့အခါ ကိုယ်ကလည်း ရှက်ကိုးရှက်ကန်း၊ စိတ်မလုံတလုံနဲ့ ကျေးဇူးတင်ကြောင်းတွေ ပြန်ပြောခဲ့တာကတော့ မေ့မရဆုံး ဖြစ်နေပါတယ်။

ခု ဒီစာထိ ဖတ်နေပေးမဲ့ သူတွေကိုတော့ ပိုတိုးပြီး ကျေးဇူးတင်မိပါအုံးမယ်။ ဒီရပ်ဝန်းမှာက တစ်ယောက်နဲ့တစ်ယောက် မသိလည်း အပြန်အလှန် သဘောကျရာတွေ စုနေတာမို့ စိတ်ပျော်ရွှင်စေပါတယ်။ အားဖြစ်စေပါတယ်။

စာလေးရေးရတာ ဝါသနာအခံလေးရှိနေရုံနဲ့ ဒီလို LGBTQ+ အမည်ခံတဲ့ ဇာတ်လမ်းတစ်ပုဒ် ရေးဖြစ်ခဲ့တာ အရင်ဆုံးတော့ နောင်တသေးသေးလေး ရှိပါတယ်။

ဘယ်နေရာကမှ အနှစ်သာရလည်း ရှာ‌မတွေ့ခဲ့ပါဘူး။ စိတ်ကလေး အပန်းပြေသွားဖို့လောက်ပဲ တွေးယူကြည့်မိပါတယ်။

နွယ်ရှင် {Complete}Where stories live. Discover now