Part-1

9.1K 465 10
                                    

*Unicode*

သိပ်အသက်မဝင်တဲ့ ဇာတ်ဝင်ခန်းလေးတစ်ပုဒ်။ ဝိုးတိုးဝါးတားနဲ့ လူသုံးယောက်ကြားမှာ အက်ကြောင်းတွေ ထပ်နေတာ အထင်းသား မြင်နေရသည်။

" မပေါင်းဘူး ကွာမယ်၊ ဒီလိုလူ့တရိစ္ဆာန်နဲ့ ဆက်မပေါင်းနိုင်တော့ဘူး၊ မိန်းမဘယ်နှစ်ယောက်နဲ့များ ရှင် ဖောက်ပြန်ခဲ့ပြီးပြီလဲ ဟမ်"

" ကွာလိုက် သွား၊ ခုချက်ချင်းငါ့အိမ်ပေါ်ကဆင်း "

" ဆင်းမှာ တစ်စက္ကန့်မှ မနေဘူး၊ လာ သား သွားရအောင် "

" အီးး ဟီးးး ဟင့်အင်း မေ "

"  ဒီကလေးကတော့၊ လာ သွားမယ် "

" ဖယ် ငါ့သားကို ငါခေါ်ထားမယ်၊ မင်းတစ်ယောက်ထဲ ငါ့အိမ်ပေါ်ကဆင်းသွား"

" သား နက္ခတ်၊ လာကွာ မေ့ဆီ "

" ဟင့် အီးးး ဖေဖေ "

ကြားက ကလေးငယ်ဟာ အော်ဟစ်ငိုယိုနေပြီး အမေနဲ့ အဖေ့‌ရဲ့ လက်နှစ်ဖက်လုံးကို အတူဆွဲကိုင်ထားပေမဲ့ ပြတ်သားလွန်းနေတဲ့ မိခင်ဟာ ကလေးငယ်ကို မြန်မြန်ဆန်ဆန် လက်တွဲဖြုတ်ခဲ့သည်။

" အို နေခဲ့ နေခဲ့၊ ဒီအဖေနဲ့ ဒီသား နေသာနေခဲ့တော့ "

" မေ မေ့...."

ဖြုတ်ချသွားတဲ့ နွေးထွေးတဲ့ လက်တစ်စုံဟာ ဘဝထဲကပါ အပြီးတိုင် ထွက်သွားတာ ဖြစ်ကြောင်း ပခုံးကို လာထွေးဆုပ်တဲ့ အဖေ့လက်ဖဝါးတွေဟာ သက်သေပြခဲ့သည်။

လှမ်းဖမ်းဆုပ်လို့ မရပြန်တော့တာ သိတဲ့အခါ ဪ ဒါဟာ အိမ်မက်ဆိုးတွေ...။

" ကို...ကိုရေ "

" လွှာ "

ခန္ဓာကိုယ်ကို လှုပ်ကိုင် နိုးခံလိုက်ရတဲ့အခါ ဝါးတားတားမြင်ကွင်းရှေ့ ပေါ်လာသူဟာ သူ့မိန်းမလှလေး။

" အိမ်မက်တွေ မက်နေပြန်ပြီလား၊ အရေးမပါတာတွေ မတွေးနဲ့ဆိုကွာ "

" ......... "

တစ်ခနလောက် ငေးငိုင်သွားရင်း လွှာ့ရဲ့ စိတ်အလိုမကျတဲ့ အကြည့်တွေကြားမှာ အရေးမပါတဲ့ သူ့ဘဝဇာတ်ကြောင်းဟာတော့ အသံတိတ် ကြေကွဲပြနေ‌လေရဲ့။

နွယ်ရှင် {Complete}Where stories live. Discover now