Part-2

5.9K 387 6
                                    

*Unicode*

" ဟ့ ချီးပဲ ဘာတွေလာရှာနေတာလဲ၊ ခင်များက "

" ယင်းညှို့ရာ မင်းကိုယ်မင်း လည်လှပြီ ထင်မနေနဲ့၊ ပေး မင်းဒူးခေါင်းအောက်က ဖဲချပ်လေး "

" ဘယ်မလဲ ဟမ်၊ တွေ့လား တွေ့ကြလား ဘိုးတော်တို့ "

ဝတ်ထားတဲ့ ဘောင်းဘီခပ်ကျပ်ကျပ်ကြားထဲ အသာလေးလှိမ့်ထည့်လိုက်ပြီး မတ်တပ်ရပ်လိုက်တော့ လှလှပပပဲ ဖဲချပ်လေးက ပျောက်သွားရသည်။

" တွေ့လားလို့ ဟက် ပွဲတိုင်းရှုံးနေမှတော့ ထင်ယောင်ထင်မှားတွေပါ ဖြစ်ကုန်ပြီလား၊ ကျွတ် ကျွတ် "

" မင်း ယင်းညှို့ရာ လာလိမ်မနေနဲ့၊ ပြ မင်းကိုယ်ထဲ ရှိကိုရှိမှာ "

" ဟာ မရှိဘူးဆိုတာ ပြောမရလည်း.. "

ခွပ်! ခွပ်!

" မင်း၊ ကောင်စုတ်လေး သေပြီသာ မှတ်၊ ဟ့ အ့ "

" ဟား လာလေ လာပါအုံး ဘိုးတော်ရဲ့၊  ကျန်တဲ့သူတွေကော လာကြပါအုံး "

နှစ်ချက်ဆင့်ထိုးလိုက်လို့ ယိုင်တိုင်တိုင်ဖြစ်သွားရှာတဲ့ ဘိုးတော်ဟာ အတင်းရှေ့တိုးလာပြန်တော့လည်း ဘယ်ထဲက ရှိနေမှန်းမသိတဲ့ အိပ်ကပ်ပါးထဲက ဓားပါးပါးဟာ တစ်ဖက်လူ လက်မောင်းထဲ စိုက်ဝင်သွားရပြန်သည်။ အေးဆေး ဖဲမရိုက်ချင်တော့လည်း မောကုန်ပြီ။

" ဟာ ရဲတွေကင်းလှည့်ပြန်ပြီ၊ လာ လာ သွားရအောင် "

အဟုတ် သစ္စာရှိတဲ့ ခွေးလေးတွေဟာ ဝင်သာမဆွဲတာ သူတို့လူတော့ အရပြန်ခေါ်သွားသေး။ ဒီရဲတွေလောက်တော့ စာဖွဲ့မရပြန်ဘူး။ သိပ်ကြီးတဲ့ မန်းကျည်းပင်လေးဆီ တတ်နေလိုက်တော့ ဟော game over !!!

" မိုးတောင်ချုပ်နေပြီ၊ ဟက် ပွတာပဲ ဒီညတော့၊ ဟူး.... "

ဖဲရိုက်နေရင်း အဲ့လိုပဲ ဝရုန်းသုန်းကား ဖြစ်နေကြ။ သူက ညစ်တာကိုး။ ဒါပေမဲ့ သူပဲ ဒီလောကမှာ လူလည်လုပ်ခွင့်ရှိတာမျိုး။ မန်းကျည်းပင်ပေါ် ခုန်တတ်နေလိုက်ပေမဲ့ ပြန်တောင် မဆင်းချင်တော့တဲ့ စိတ်တွေ။

စောနက ထိုးလိုက်တဲ့ ဓားကို ပြန်ကြည့်မိတော့ ဟိုတနေ့က ခါးပိုက်နှိုက် လုပ်ရင်ကောင်းမလားတွေးတုန်းက ဝယ်ထားမိလိုက်တာလေး။ အသုံးဝင်နေပြန်ပြီ။

နွယ်ရှင် {Complete}Where stories live. Discover now