Part-30

1.6K 112 6
                                    

*Unicode*

မြူးမြူးကြွကြွ နိုင်ငံခြားသီချင်းသံလေး ပျံ့လွင့်နေတဲ့ အဆင့်မြင့် ဘားတစ်ခုရဲ့ သုံးထပ်မြောက် ထောင့်ဆုံးဝိုင်းမှာ ထိုင်နေတဲ့ မိန်းကလေးတစ်ဦး။

နက်ဆွေးနေတဲ့ ဆံသားအိအိတွေဟာ အခွေအခေါက်ပေါင်းများစွာနဲ့ ကျောလယ်ထိ ကော့ဆင်းကျနေသည်။ ခြေနှစ်ဖက်ချိတ်ထိုင်ထားတဲ့အခါ ပေါင်အရင်းကို တိုတတ်နေတဲ့ ဂါဝန်ကျပ်ကျပ်က မိန်းကလေးရဲ့ မယဉ်မရိုင်းအလှပေါ်မှာ ပိုရုပ်ကြွစေဖို့ အထောက်အကူပြုနေလေရဲ့။

နီရဲနေတဲ့ နှုတ်ခမ်းနီတွေအပြည့်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းသားတွေဟာ ဘေးကဖြတ်လျှောက်ရင်း ကြည့်မိသွားသူအဖို့တောင် တစ်ခုခုအလိုမကျနေမှန်း ရိပ်စားမိနိုင်သည်။ ဖြူဖွေးနေတဲ့ ဂါဝန်အပါးသားလေးနဲ့ ကြော့ကော့စွာ ထိုင်နေသူသည် ယုလွှာမြိုင်။

Emmaလေးတစ်ယောက်နဲ့တင် အများကြီး မိခင်ပီသဖို့ ကြိုးစားနေရတဲ့ လွှာမှာ ဒီနိုင်ငံကိုပြန်လာပြီး သူ့အပေါ် အရင်လိုရိုကျိုးနေသေးသလား ထင်ရတဲ့ ဒီးအပေါ်တောင် ဂရုမထားအားတော့ပါ။

နွယ်လာတဲ့ ၅၂၈ မေတ္တာကြိုးရှင်တွေကြောင့် မိန်းမပီပီသသပဲ တစ်ကိုယ်တည်း နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီးကိုတောင် အဆက်အသွယ်မလုပ်ခဲ့ပါ။

ဒါပေမဲ့ အနှောက်အယှက်တွေဆိုတာ ရှိစမြဲ။ ကောင်းမွန်လာတော့မဲ့ စိတ်ဓာတ်တွေကို စိန်ခေါ်နေစမြဲ။ လောကသဘာဝ...အဖျက်ဆိုတာ အချိန်မရွေး ပေါ်လာတတ်သည်။ တောင့်ခံမထားနိုင်ရင် သံသရာတစ်ဖန် ပြန်သာလည်နေတော့မည်။ ဒီအထဲ ယုလွှာမြိုင်လည်း ပါဝင်နေခဲ့ပြီ။

" ဒါသက်သက်ကြောတာ၊ သူကိုယ်တိုင် ဖုန်းဆက်ချိန်းတာ မဟုတ်တဲ့အတိုင်း၊ တောက်! "

ခပ်တိုးတိုး တစ်ယောက်ထဲ ရေရွတ်နေတဲ့အခါ လွှာ့နောက်ပါးက စောနလေးတင် ရောက်ရှိလာသူဟာ ဆက်မသွားပဲ လွှာ့နောက်ကျောမှာတင် ရပ်နေခဲ့သည်။

အပေါ်အောက် အဖြူဝမ်းဆက်နဲ့ ကမ္ဘာငယ်ဟာ ပြုံးဆဆနဲ့ လွှာ့အား နောက်ကနေ အစအဆုံးကြည့်နေခဲ့သည်။ သူသဘောကျရလွန်းတဲ့ အဖြူရောင်တွေဟာ လွှာ့ကိုယ်ပါးမှာ ကပ်တွယ်နေတော့ အလိုမကျစွာပဲ ဒီကမ္ဘာမှာ အဖြူရောင်အား သူနဲ့သူ့အရာလေးရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်ရင် ကောင်းမယ်လို့တောင် တွေးနေခဲ့သေးသည်။

နွယ်ရှင် {Complete}Where stories live. Discover now