Part-47

1.6K 94 12
                                    

*Unicode*

ဧည့်ခန်းက ဆိုဖာပေါ်မှာတင် ‌မုန့်တွေဖောက်စားလိုက်၊ အအေးလေး သောက်လိုက်၊ ရင်ခွင်ထဲ ပိုတိုးသွားပြီး လက်မှာ ပါးစပ်မှာပေနေတာတွေ မသိမသာရော သိသိသာသာပါ သုတ်လိုက်နဲ့ အတော်အသင့်မဟုတ် တစ်မနက်လုံး တစ်ညနေလုံး သူနဲ့ယင်း စကားတွေအများကြီး ပြောခဲ့ကြသည်။

မမှတ်မိချင်တော့တဲ့ အတိတ်တွေ အကြောင်း။ အရှက်ကွဲခဲ့ရတဲ့ နေ့ရက်တွေအကြောင်း။ တလွဲတွေဖြစ်ခဲ့ရတဲ့ အတိတ်က တစ်နေ့တာတွေရဲ့အကြောင်း။

နောက် သူနဲ့ယင်း စဆုံခဲ့ရတဲ့ ပျော်စရာ အမှတ်တရတွေအကြောင်း။ စီးကရက်တွေ သောက်စရာမလိုပဲ ပြင်းရှရှနဲ့ ရင်ခွင်ထဲက အကောင်ပေါက်ကို နမ်းရှိုက်ရင်း အတိတ်တွေထဲ ပြန်ခြေချခဲ့ကြသည်။

တစ်ခါတလေ ကိုယ်မေ့ထားတဲ့ အကြောင်းတရားတွေပေါ် ချစ်ရသူနဲ့အတူ ပြန်ဆွေး‌ရတာမျိုးကလည်း တစ်မျိုးလေးပဲ။

ဒဏ်ရာတိုင်းကနာပါတယ်။ ချစ်ရသူနဲ့အတူရှိနေရင် တစ်ဝက် သက်သာတတ်တယ်။ မဆုံဖြစ်ခဲ့သေးတဲ့ နေ့ရက်တွေတုန်းက အရူးလို စိတ်တွေ လွတ်နေရကြောင်းတွေ ပြန်ပြောပြကြရင်းလည်း အသေးအမွှား ကိစ္စလေး‌တွေကနေ ပျော်ရွှင်မှုက လွန့်လူးလာတယ်။ ဧည့်ခန်းလေးအတွင်း ခိုးခိုးခစ်ခစ် ရယ်သံတွေ ပျံ့လွင့်နေခဲ့တယ်။

အများကြီး ဖန်တီးယူစရာမလိုပါဘူး။ ချစ်တယ်ဆိုတဲ့ စကားနောက်မှာ အပြုအမူတွေနဲ့ သက်သေပြပေး၊ တန်ပြန်လာမဲ့ မေတ္တာတွေ‌အပေါ် ရိုကျိုးပေး၊ နေထိုင်နေတဲ့ ကာလ‌တစ်လျှောက် အနည်းအများတော့ ခေါင်းမော့ရင်ကော့ရင်း ဝံ့ကြွားနိုင်မှာပါ။

ဒီလောကမှာ ငါတစ်ယောက်တည်းမှမဟုတ်ပဲ။ အထီးကျန်နေရင်တောင် ငါတစ်‌‌ယောက်တည်းမဟုတ်ဘူး။ ပျော်နေရင်တောင် ငါတစ်ယောက်တည်း မဟုတ်ဘူး။ ဝမ်းနည်းနေလည်း ငါတစ်ယောက်တည်းမဟုတ်ဘူး။ သေမတတ် စိတ်တွေ မွန်းကြပ်နေလည်း ငါတစ်ယောက်ထဲ မဟုတ်ဘူး။

အားလုံးမှာ အပူတွေ၊ သောကတွေ၊ ငိုကြွေးနေရခြင်းတွေ ရှိတယ်။ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူး။

နွယ်ရှင် {Complete}Where stories live. Discover now