Part-9

3.1K 269 24
                                    

*Unicode*

အဖေရောက်လာခဲ့ပြီး တစ်မနက်ခင်းမှာတင် ဆူဆူညံညံတွေ ဖြစ်သွားခဲ့ပေမဲ့ အခု ယင်းက ဒီအိမ်ကြီးမှာ သူနဲ့အတူနေတော့မည်တဲ့။

အခုဆိုငါ့ဘေးနား လူတစ်ယောက်ရှိတော့မှာပါလား...ငါအထီးမကျန်ရလောက်တော့ဘူးမလား.. နောက်ပြီး လွှာ...အင်း လွှာဆိုတဲ့ မိန်းကလေးတစ်ဦးသာ သူ့ဘဝကြီးလို့ ထင်ခဲ့ရပေမဲ့လည်း အခုတော့ နေ့ရက်တွေတိုင်းက ခပ်ဆွေးဆွေးနဲ့ နေသားတကျ ရှိနေတာပါပဲ။

ဒီကောင်လေးနဲ့ စဆုံပြီးထဲက သူ့ကိုအတွေးအများကြီး ဝင်စေခဲ့တာ။ ချစ်ခြင်းမေတ္တာအ‌‌ပေါ် မယုံကြည်ရဲတော့တဲ့အခါ သူ့အာရုံထဲရောက်လာခဲ့တာ ဒီကောင်လေး ယင်းညှို့ရာ...။

သို့‌လောသို့လော အတွေးတွေနဲ့တင် သူ့ကိုပြုံးပျော်စေသည်။ ဒီအိမ်ကြီးထဲ ဒီကောင်လေးနဲ့ အတူဆိုတဲ့အသိက ပိုပျော်စေတာလား...ဒါတော့ သူမဝေခွဲသေးဘူး။

အဖေပြန်သွားပြီးထဲက မနက်စာ လုပ်ကျွေးလိုက်တဲ့ ထမင်းကြော်တွေလည်း ပြောင်လို့။

ဘာကြောင့် ဘာအကြောင်းကြောင့် ဆိုတာမျိုးတွေ မစဉ်းစားဘူး။ သူက ဒီကောင်လေးကို သူ့ဘေးနားရှိစေချင်လို့ကို အိမ်ခေါ်ထားတာ။ ဒီလောက်ပဲ...ရိုးရိုးလေး။



မနက်ဆယ့်တစ်နာရီ...။
မနက်စာ ဆိုပြီး ဟိုလူကြော်ကျွေးတဲ့ ထမင်းကြော်ကို စားပြီး ယင်းညှို့ရာ သူ့အတွေးတွေ တောင်မြောက်ပြေးလွှားနေသည်။ တစ်သက်လုံး အချုပ်အနှောင် ကင်းကင်းနဲ့နေလာခဲ့တာ။

ခုမှ ဘာထဖြစ်ပြီး ဒီသူစိမ်းတစ်ယောက်နဲ့ တစ်အိမ်ထဲ အတူရှိနေရမလဲ...မနေချင်ဘူးလားဆို နေချင်သည်။ လမ်း‌ဘေးတွေမှာ တခမ်းတနား အိမ်ကြီးတွေကို တွေ့ရင် သူ့မှာ ငယ်ငယ်ထဲက လိုက်ငေးရတာလေ...‌နေဖူးချင်တာပေါ့။

ယင်းညှို့ရာဆိုတာ မွေးလာထဲက အကြောခပ်တင်းတင်း။ ဂေဟာမှာလည်း သူလုပ်ချင်တာ၊ သူလိုချင်တာ မရရအောင် လုပ်ယူလိုက်ရမှ။

ဒီတော့ ကြော့ကြော့လေး နေခိုင်းတဲ့သူကတောင် နေခိုင်းနေတာ...အေးဆေးပေါ့ နေလိုက်ရုံလေးပေါ့။ သိပ်အရစ်မရှည်တော့ပါဘူး။

နွယ်ရှင် {Complete}Where stories live. Discover now