Part-40

1.5K 87 14
                                    

*Unicode*

လက်ရှိ ယင်းမှာ အကြောက်အကန်ပဲ အရှိန်နဲ့ပြေးမောင်းနေတဲ့ ကားပေါ်က ခုန်ဆင်းရင် ကောင်းမလား စဉ်းစားနေသည်။ ဖြစ်ချင်ရာဖြစ် ဒီလိုလူလက်ထဲ ဆက်ရှိနေရမှာထက် ပိုကောင်းတယ်ဟု တွေးနေမိသည်။

ဒါပေမဲ့....ပူလာသလို ချွေးစေးတွေ ထွက်လာရတဲ့ထိ သူ့ရင်ဘတ်ထဲ နေရတာအဆင်မပြေ။ အေးစိမ့်နေတဲ့ အဲကွန်းဖွင့်ထားတဲ့ ကားထဲမှာ သူက ဘာကြောင့် ချွေးတွေထွက်နေရသလဲ။

အကြောက်လွန်နေလို့။ ဟုတ်တယ် ဇိုင်းဇေကို ရွံမုန်းပြီး လန့်နေလို့။ အဲ့လို တွေးနေပေမဲ့လည်း ပုံမှန်မဟုတ်တာကို ခံစားလို့ရနေသည်။

သူ့အောက်က အစိတ်အပိုင်းက ဘယ်လိုကြောင့် စိုစွတ်လာရတာလဲ။ မဟုတ်သေးဘူး။ မဟုတ်လောက်ပါဘူး။ ခြေထောက်တွေကို ကွေးနေအောင် ကျစ်ပြီး ထောင့်မှာထိုင်နေလည်း ပူလောင်လာတဲ့ စိတ်တွေနဲ့ ထောင်မတ်လာသလိုလို ရှိတဲ့ သူ့အစိတ်အပိုင်းတွေက ဘာတွေလဲ။

ဆေးရည်...အဲ့ဆေးအရည်တွေကမဟုတ်မှ။

"ခွေးကောင် မင်း! မင်း! ခုကားရပ်ပေး! "

" ........ "

" ငါပြောနေတာကြားလား ခွေးကောင်ရဲ့!!! "

" What??? "

" ဇိုင်းဇေ! ဟင်း...မင်း!!! ဒီးသိရင် မင်းကို! မင်းကိုသတ်မှာနော်! ခုကားရပ်ပေး!!  အင့်...ဟင့်! "

" Wait Baby! "

" ဟင်း....! "

ဘာလဲ။ ဘာလို့သူမှလာဖြစ်နေရတာလဲ။ Laptop အကြည့်မပျက်တဲ့ ဘေးကဇိုင်းဇေကို ကြည့်ပြီး ယင်းဆီမှာ ထပ်ပြီးဝဲတတ်လာရပြန်တဲ့ မျက်ရည်တွေ။

ရူးတော့မှာပဲ။ ဘယ်ကိုသွားနေမှန်းလည်း မသိဘူး။ ပူအိုက်ပြီး မရိုးမရွဖြစ်လာရတဲ့ စိတ်တွေနဲ့ ငိုချင်နေပြီ။ ဒီး။ အစောလေးက မြင်လိုက်ရတာ ဒီးသာဆိုရင်တော့ ပြီးပါပြီ။ သူ့ဘဝ ဒီလူလက်ထဲ အဆုံးသတ်သွားရင်တော့ သတ်သေပစ်မှာ။

နွယ်ရှင် {Complete}Where stories live. Discover now