Part-35

1.5K 104 19
                                    

*Unicode*

" ဟီး ဒီး...မိုက်လိုက်တာ... "

" ပျော်လား ကလေးငယ်.... "

" အင်း! "

" ဒီလိုလှတဲ့နေရာတွေလည်းရှိသေးတာပဲနော်၊ ဟား မိုက်တယ် ကြည့်အုံး နေကြာတွေ... "

" လာပါအုံး နေကြာပန်းခင်းကြီးထက်လှတဲ့ ကိုယ့်အသက်လေး..လာ ရင်ခွင်ထဲ.. "

" ဟုတ် လာပြီ၊ ယင်းလည်းနမ်းချင်နေပြီ... "

" ဒီး! ချစ်တယ်... "

" ကိုယ်လည်းမင်းကိုချစ်တယ် ယင်း... "

ဒီးရင်ခွင်ထဲ နစ်သထက်နစ်အောင် တိုးဝင်နေလိုက်သည်။ ဒီနွေးထွေးမှုတွေဟာ သူ့အပိုင်။ ဒီအကြင်နာတွေဟာ သူတစ်ဦးတည်းရဲ့ အပိုင်စား။

ဒီးခေါ်လာတဲ့ အတော်ကိုလှတဲ့ နေကြာပန်းခင်းကြီးထဲ နေရောင်ခြည်စူးစူးနဲ့ လေတစ်ချက်ဝှေ့လိုက်တိုင်း အညီအညာယိမ်းယိုင်သွားတဲ့ နေကြာတွေလို သူ့နှလုံးခုန်သံတွေလည်း အဆထက်အလွန် ငြိမ့်ညောင်းနေသည်။

ရန်ခုန်လိုက်ရတာ။ ကြည်နူးလိုက်ရတာ။ ဒီဘဝတစ်ခုမှာတော့ လုံလုံလောက်လောက်အသက်ဆက်ဖိုံ သည်မေတ္တာတွေနဲ့ ဒီးကိုသာ အလိုရှိပါသည်။ တိုးဖက်ထားတဲ့ ရင်ခွင်ကျယ်ထဲ အတောက်ပဆုံး နေကြာတွေနဲ့ အပြိုင်ပြုံးရင်း..

" ချစ်လိုက်တာ...ကျွန်တော့်ရဲ့အပိုင်လူသားကြီး "

" ကိုယ့်ကိုမင်းပိုင်တယ်ပေါ့.... "

" အင်းလေ ခင်များကြီးကကျွန်တော့်အပိုင်လေ ဟွန့် "

" မင်းကိုကျ ဘာလို့ငါမပိုင်တာလဲ!!! "

" အ့! ဒီး~ "

" မင်းကိုမှငါမပိုင်နိုင်တော့တာ!! သွား! ငါ့မျက်စိရှေ့ကထွက်သွားစမ်း... "

" ဟင် ဒီး ဘာတွေပြောနေတာလဲ၊ ဒီး "

" မလာနဲ့ သွား!! "

" အ့! ဒီး "

ရင်ခွင်ကျယ်ထဲ ခိုဝင်နေရင်း ဒီးက ဘာစကားတွေပြောလာတာလဲ။ အတင်းဆွဲခွာလိုက်တဲ့ခန္ဓာကိုယ်တွေနဲ့ ထပ်ပြီးတိုးကပ်သွားတော့ နေကြာခင်းထဲ နောက်ပြန်လဲကျမိသွားသည်။

နွယ်ရှင် {Complete}Where stories live. Discover now