Part-14

2.6K 235 7
                                    

*Unicode*

အချိန်သည် ည၇နာရီ.....။ ကိုယ့်အိမ်ကိုယ့်ယာ တိုက်ခန်းကျယ်ထဲ ပြန်ရောက်နေပြီဖြစ်တဲ့ ဒီးဟာ တစ်နေ့လုံး အိမ်မှာပဲ အလုပ်တွေလုပ်နေရင်း ယင်းပြန်အလာကို စောင့်နေရသည်။ တော်တော်မလွယ်တာဟာ ဖုန်းဆက်လည်း မကိုင်၊ ဘာမှမဖြစ်ပေမဲ့ စိတ်ကပူရပြန်တာပါပဲ။

ဒုန်းး!

တံခါးမကြီး ကျယ်ကျယ်လောင်လောင် ဖွင့်လာသံနောက်မှာတော့ ယင်းပြန်ရောက်မှန်း သိပြီမို့ အိမ်အဝဆီ အပြေးလေးထွက်ပြီး စီးကြိုရသည်။

"ဟင်...ယင်း ကောင်လေး ဘယ်လိုတွေဖြစ်..."

ပါးနှစ်ဖက်လုံး နီရဲလို့ နှုတ်ခမ်းနားမှာလည်း ကွဲနေသည်။ နဖူးမှာလည်း သွေးစတွေနှင့်။ မအီမသာရုပ်လေးဟာ ဘယ်လိုတောင် ပွဲဆိုးလာခဲ့သလဲ။

" ယင်း...ရန်ဖြစ်လာတာလား ကြည့်အုံးကွာ ရစရာကိုမရှိဘူး "

" ဖယ် လာမထိနဲ့၊ မဆန်းဘူး ဒီလောက်လေးက "

" မဆန်းပေမဲ့လည်း မင်းခံလာရပြီ မဟုတ်ဘူးလားကွာ "

" အများနဲ့တစ်ယောက်မို့ ခံရတာ ဘာဖြစ်လဲ၊ သွားစမ်းပါ၊ ခင်များဘာသာ အလုပ်သွားလုပ် "

ရှုံ့မဲ့နေတဲ့ ရုပ်လေးဟာ တစ်ခွန်းမကျန် ပြန်အာခံဖို့တော့ တတ်နိုင်သေးပုံပါပဲ။

" နောက်ဆို ဆင်ခြင်ပါအုံး၊ ဒီထက်ဆိုးတာတွေ ဖြစ်လာရင် ဘယ်... "

" ကျစ်!! စိတ်ညစ်လာတာနော် အရစ်မရှည်နဲ့ သွားလိုက်တော့ စောက်ပိုတွေ "

" ယင်း "

သွန်သင်လို့ ပြုပြင်လို့ ရပါအုံးမလား။ ဗီဇဆိုတာ တော်ရုံဖျက်မရတာ သိနေတော့လည်း အကြီးဖြစ်တဲ့ ကိုယ်ကပဲ လျော့ရမှာပါ။ နားလည်ပါတယ်။ ဒါပေမဲ့လည်း ရအောင် ပြုပြင်တည့်မတ်ပေးချင်သေးသည်။

အဲ့နေ့က အိပ်ရာက တစ်ရေးပြန်နိုးလာတဲ့ ကောင်ငယ်လေးဟာ တမင်တွန့်ကျိုးထားတဲ့ မျက်ခုံးတန်းတွေနဲ့ စိတ်အလိုမကျမှုကို ဖော်ပြနေရင်း လက်ဆွဲအိတ်အဟောင်းတစ်လုံးထဲ သူ့ကိုယ်ပိုင် အဝတ်အစားတွေကို ကြုံသလို ထိုးကြိတ်ထည့်နေခဲ့သည်။

နွယ်ရှင် {Complete}Where stories live. Discover now