Final-53🕸️Unicode

5.2K 140 26
                                    

ကုန်လွန်လာတဲ့ နှစ်တွေကြားမှာ ချစ်သူနှစ်ဦးကတော့ ရန်လည်းအကြိမ်ကြိမ် ဖြစ်ဖူးခဲ့ကြသလို အခေါက်အခါမနည်းလည်း ချစ်ရည်လူးနေတတ်ကြတယ်။

တစ်လပြီးတစ်လ ကုန်ဆုံးလာလေ အသက်အရွယ် တစ်ခုကို ရောက်လာရလေ ပိုရင့်ကျက်မလာပဲ ပိုတည်ငြိမ်လာတယ်မရှိတဲ့ ကောင်ဆိုးလေး တစ်ယောက်လည်း ရှိနေတယ်။

ချစ်ရသူ။ တစ်ဘဝလုံးစာ တစ်သံသရာလုံးစာ ချစ်ရသူက အနားမှာ အချိန်ပြည့် ရှိနေခဲ့တာမို့ ဦးနှောက်အလုပ်လုပ်ပုံဟာ သုံးလေးနှစ်သား အရွယ်မျှသာ ဖြစ်ဖြစ်သွားတတ်တယ်။

ဗီဇ‌‌ဆိုတာ အင်မတန်ကို ဖျောက်ရခက်ခဲတဲ့ အမျိုး။ မွေးကတည်းက ပါလာတဲ့ အပြုအမူအကျင့်တွေက ချစ်ရသူရဲ့ သွန်သင်မှုအောက်မှာ ပိစိလေးလောက်သာ ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒါကိုပဲ အပြည့်အဝ ငါကွ ဆိုပြီး အမြဲကြွားဝါတတ်တဲ့ လူဆိုးလေးက ဖဲထုပ်တွေ ဖဲချပ်တွေ မြင်ရင် ဘယ်လိုမှ မနေနိုင်ခဲ့ပြန်ဘူး။

နည်းနည်းလေး ဖြစ်ဖြစ် သူ့အပေါ် လာကြောရင်လည်း ပြစ်ပြစ်နှစ်နှစ်အော်‌ဆဲရင်း ထိုးကြိတ်ပြုမူတတ်သေးတယ်။

သူ့ချစ်ရသူရဲ့ သိက္ခာ အဆင့်အတန်းတွေက ဒါမျိုးတွေနဲ့ လုံးဝမအပ်စပ်မှန်း နားလည်နေလို့ မျိုသိပ်ခဲ့ရတဲ့ အချိန်တွေဟာလည်း လူဆိုးလေးမှာ မနည်းမနော ရှိခဲ့ရတယ်။

ဝမ်းနည်းနေတဲ့ အချိန်‌တွေဆို ချစ်ရသူရဲ့ ရင်ခွင်ကျယ်ထဲ တိုးဝင်လိုက်ရင် လုံခြုံသွားတတ်သလို အိမ်မက်ဆိုး မက်တတ်တဲ့ အကျင့်မရှိပေမဲ့ ဆယ်သက်ဆယ်ကမ္ဘာ ပြန်မတွေးချင်ခဲ့တဲ့ ကာလတွေဆီ ကူးသန်းသွားမိရင် ချစ်ရသူရဲ့ အလိုက်တသိ ချော့မြူမှုအောက်မှာ လုံလုံလောက်လောက် အေးချမ်းခဲ့ရပါတယ်။

အိမ်ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး ဖော်ကျူးနိုင်ခဲ့သလို နွေးထွေးတဲ့ အသိုက်အမြုံထဲမှာ နူးညံချင် နူးညံမယ်။ လမ်းသရဲစတိုင်နဲ့ ရူးမိုက်ချင်လည်း ရူးမိုက်မယ်။

ဒါပေမဲ့ ဒီလောကထဲမှာ ချစ်ရသူက သူဘာလုပ်လုပ် မျက်ဝန်းစိုစိုတွေနဲ့သာ ကြည့်လာတတ်တာမို့ အမြဲတစ်စေ ကောင်ဆိုးလေးက ဟိတ်ဟန်ကြီးမိပြန်သေးတယ်။

နွယ်ရှင် {Complete}Where stories live. Discover now