Part-15

2.8K 233 19
                                    

*Unicode*

ခေါင်းစဉ်လွတ်နေသေးတဲ့ ဆက်ဆံရေးတွေဟာ တော်တော်လေး အဆင်ပြေသည်။ ဘာတွေ ဘယ်လို ထိတွေ့ခဲ့ ထိတွေ့ခဲ့ တင်တင်စီးစီးပဲ အိမ်မက်တွေလိုမျိုး သဘောထားခဲ့သည်။

ရှက်ပြုံးလေးနဲ့ မိုးလင်းမိုးချုပ် ကုတ်ကုတ်လေး ထိုင်နေရအောင်ထိတော့ ယင်းညှို့ရာဟာ အဲ့လိုလူစား မဟုတ်ပြန်ဘူး။

အလုပ်ကြမ်းတွေကြီး လုပ်ခဲ့ရတော့ နည်းနည်းတော့ အနာတရရှိခဲ့တာပေါ့။ ပစ်ထားလိုက်တော့ ပျောက်သွားလည်း အမာရွတ်တွေ ရှိနေခဲ့တာကို ဒီးကတွေ့ပြီး လုံးဝထပ်မလုပ်ရတော့ဘူးတဲ့။

အသက် ၁၆ ထဲကလုပ်လာတာ ပါးပါးလေးပါဆိုပြီး ဘုနဲ့ဘောက် ပြန်ပြောချင်ပေမဲ့ ထိန်းခဲ့သည်။ ဒီးကမကြိုက်မှန်းသိလို့။

တစ်နေကုန် အလုပ်သွားသည်။ ပြန်လာရင် ယင်း... ဆိုပြီး ခပ်ဩဩ အသံနဲ့ ဖက်တွယ်လာတဲ့ အခါတွေတော့ ရူးရူးမူးမူးကို ရင်တွေတုန်ရသည်။ ဒါပေမဲ့ ခနပါပဲ။ တသိမ့်သိမ့်နဲ့ တွေးတွေးပြီး ခံစားနေတာမျိုး သူအာရုံမလာ။

နေ့လည် ၃ နာရီ....။ တစ်နေကုန် ဒီအိမ်ကြီးထဲ တစ်ယောက်တည်း။ ပျင်းရော်လွန်းလို့ အသားထဲက အရည်တွေထွက်တော့မယ်။ ခနခန ဖုန်းဆက်နေပေမဲ့ ဘာလုပ်ရမှာလဲ။ အားနေဖုန်းကြီးပြောပြီး လေကုန်အောင်လို့။

" ဟင်းးးး ဖဲရိုက်ချင်လိုက်တာ လက်ကိုယားလို့ "

နောက်ထပ်အမိန့်မဟုတ်တဲ့ စကားတစ်ခွန်း။ အလောင်းအစားတွေကို မေ့လိုက်တော့တဲ့။ ဒီးကတော့ အလွယ်လေးပြောတာပဲ။ တစ်သက်လုံးစိတ်ညစ်ရင် ဖဲရိုက်ပြီး ဖြေဖျောက်နေတဲ့ သူအဖို့ အသွေးအသားထဲကကို ဝါသနာပါတဲ့ ဒီတစ်ခုကတော့ တကယ်မလွယ်ပါ။

ခိုးဝယ်ထားလိုက်တဲ့ ဖဲချပ်တွေနဲ့ ကုတင်ပေါ်မှာ တစ်ယောက်တည်း ခွေခေါက်နေရသည်။ ဒီဘဝကမှ ဆယ်ဆလောက် အထီးကျန်နေတာ။ ဒါပေမဲ့ သူရွေးချယ်ခဲ့တာ မလွဲဘူးတော့ ယုံကြည်ပါသည်။

တူ......တူ......

" ဟာ ဘာလဲ ဆယ်မိနစ်တောင်မပြည့်သေးဘူး ဖုန်းပြောပြီးတာ၊ ဘာဖြစ်ပြန်တာလဲ ဟမ် "

နွယ်ရှင် {Complete}Where stories live. Discover now