Part-13

2.7K 237 10
                                    

*Unicode*

ပုံမှန်အေးစက်စက် နိုးလာတဲ့မနက်ခင်းတွေလိုမဟုတ်တော့ဘူး။ မျက်နှာပြောင်ပြောင်နဲ့ပဲ ငြိမ့်ငြိမ့်လေး ရင်ခွင်ကျယ်ထဲ တိုးဝင်ရင်း ဆက်မှေးနေမိသည်။

ခပ်ဟဟရယ်လာတဲ့ အသံဩဩကြောင့် ကိုယ်တိုင်လည်း တချက်ပြုံးရင်း ပိုလို့တောင် နီးကပ်မိလိုက်သည်။ ခန္ဓာကိုယ်ထဲ ဖောက်ထွက်မတတ် ထွေးဖက်ထား‌ပေးတဲ့ ဒီးဟာ မရှိတဲ့ သူ့ဆံပင်တွေဆီ ဘာကြောင့် ပွတ်သပ်နေရသလဲ။

ကြည်နူးမှုဟာ စက္ကန့်ပိုင်းပါ။

" ချီးမို့ ‌အဲ့ခေါင်းပဲလာပွတ်နေတာလား ဟမ် ဖယ်! "

" ဟဟားး ယင်းရာ မိုးမလင်းသေးဘူး ဆဲဆိုဖို့ကြီးပဲ၊ စိတ်လျော့ပါအုံးကွာ "

" ဖယ်လို့ ဖယ်ပေးတော့၊ တော်လိုက်တော့ "

" အင်းအင်း ထတော့ စိတ်‌လျော့ပါ၊ မျက်နှာသစ် အဝတ်အစားလဲအုံး၊ သွား "

" ဟင် ခင်များ... "

သေချာထပြီး ကြည့်မိမှ ဒီးက ညကအိပ်တဲ့ အဝတ်အစားတွေနဲ့လည်းမဟုတ် မျက်နှာကလည်း သစ်ပြီးသားလား ဘာလဲ။

" အင်း ကိုယ်ကအစောကြီး နိုးတယ်လေ၊ ထပြီးအကုန်ပြင်ဆင်ပြီးပြီ၊ သွားပါ ယင်းသာ သေချာသန့်ရှင်း "

တွန်းပို့နေတဲ့ ဒီလူဟာ သေချာပေါက် မပြောလည်း ညကအိပ်မပျော်ခဲ့မှန်း သိနိုင်ပါသည်။ ဟုတ်တာပေါ့။ သူကသာ တစ်ရေးမနိုးပဲ အိပ်ပျော်နေခဲ့တာ။ ဒီးက ဒီလိုအထပ်သားတစ်ခုနဲ့ ဘယ်အိပ်တတ်ပါ့မလဲ ဟုတ်တာပဲ။

ဒီးနက္ခတ်မှာတော့ ရေချိုးခန်းထဲ ဝင်သွားတဲ့ ယင်းကို ငေးကြည့်ရင်း အတွေးတွေ နောက်ဆုတ်နေမိသည်။ ညလယ်လောက်ဆို ပုံမှန်လို တရေးနိုးနိုးလာတတ်တဲ့ သူက ခုများတော့လည်း အဖြူသည်ယင်းမျက်နှာလေး ထိုင်ငေးရင်း စိတ်ကိုအေးစေတာ ဝန်ခံနေမိသည်။

ထိတွေ့ချင်လာတဲ့ စိတ်တွေဟာ တစ်ဖွားဖွား။ ကိုယ့်ဘာသာ ပြန်မေးနေမိတဲ့ မေးခွန်းတွေဟာလည်း အထပ်ထပ်။ အထူးသဖြင့်တော့ ယင်းဆိုတာ ယောက်ျားတစ်ယောက်လေ။ ယောကျာ်းသားတစ်ယောက်ကိုမှလေ။ အကြိမ်ကြိမ် မေးနေလည်း အဖြေတွေဟာ ထပ်နေခဲ့ပြီ။ ဒါပေမဲ့ ခွင့်ပြုချက်မဲ့ အနမ်းတစ်ပွင့်တော့လည်း သူလွန်ကြူးခဲ့ပါသည်။

နွယ်ရှင် {Complete}Where stories live. Discover now