Part-6

3.6K 321 15
                                    

*Unicode*

လူလို‌တယ်ဆို အပြေး အလုပ်သွားသည်။ အပြန်လမ်းမှာ ဝိုင်းကောင်းရင်တော့ ညဉ့်နက်သွားတတ်သည်။ စီးကရက်တစ်လိပ်ကို ဖွာရင်းပဲ တစ်ခါတလေဆို ငေးငိုင်နေတတ်သည်။

ယင်းညှို့ရာအနေနဲ့ ဒီဘဝတွေမှာတော့ ဒီလောက်ပဲ။ ထူးထူးခြားခြား ပြောင်းလဲပစ်လိုက်ဖို့က ဘယ်နည်းနဲ့မှ မတတ်နိုင်‌။

နှစ်အိမ်ကျော်မှာ သုံးထပ်တိုက် ဆောက်နေသည်။ ရရာသွားလုပ်နေတာ သုံးရက်တောင်ရှိပြီ။ လုံလောက်တာပေါ့။ ဒီဝင်ငွေနဲ့ ကိုယ်တစ်ယောက်တည်း ကွေးကောက်နေအောင် ကပစ်လိုက်လို့ရသေးသည်။

" မိုးရွာမယ်ထင်တယ်၊ လုပ် လုပ် အမြန်လုပ်ကြဟေ့ ကောင်လေးတွေ "

သဲတွေကော်နေရင်းကို မိုးက တစ်ဖြောက်ဖြောက်ဖြစ်လာပြီ။ ကျန်းမာရေးက ပစ်ထားလို့မရ။ အရမ်းပိုက်ဆံထွက်တဲ့ ကိစ္စမို့ ဘယ်နေရာမှ နာတာကျင်တာမရှိအောင် နေရသည်ည်။

" ဟေ့ ဟို‌ကောင်လေး၊ လုပ်လေမြန်မြန် အချောင်မခိုနဲ့ "

" သိတယ် "

လူကိုကြည့်ပြီး ကောင်လေးတဲ့။ လာမခေါ်နဲ့။ အဲ့ကောင်လေး ဆိုတာကြီး မကြိုက်ဘူး။

မြန်မြန်ဆန်ဆန်လုပ်ပြီး မိုးမသည်းခင် နေ့တစ်ပိုင်းခပဲ ယူပြီး ထွက်လာခဲ့သည်။ အစားကောင်းကောင်းစားရမည်။ ခုတလော ခံတွင်းပျက်တာ အဒေါ်ကြီး ခေါက်ဆွဲကြော်တောင် သူ့မှာစားမဝင်တဲ့အဖြစ်။

အိမ်ပြန်လာပြီး ညစ်ပတ်နေတဲ့ တစ်ကိုယ်လုံးကို ရေချိုးသန့်ရှင်းဖို့ အပြု.....

" ပွဲကောင်းတယ်ကွာ တစ်အိမ်လိုနေတာ ဝင်မလား ယင်းညှို့ရာ "

ကပ်ရပ်အိမ်က မကြာမကြာ ဝိုင်းတတ်သည်။ ခေါ်တိုင်းလည်း သွားဆော့ရင် နိုင်တာများသည်။ ဝါသနာက ပါတာမို့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့။

ခုလည်း ရေချိုးမဲ့အရေးကနေ ဖိတ်ခေါ်နေတဲ့ ငွေဝင်အုပ်ထဲ ခနလောက် အချိန်ပေးလိုက်ဖို့ စမတ်ကျကျသာ ဝင်ထိုင်လိုက်တော့သည်။

" လာပြီနော်၊ အကုန် မ,သွားရင် လက်ခံကြ "

*************

နွယ်ရှင် {Complete}Where stories live. Discover now