Part-44

1.6K 100 20
                                    

*Unicode*

" မေ...မေ... "

" ဘယ်လိုလုပ် မေမေက...မဟုတ်သေး... "

*ဇိုင်း!ကတိမတည်လိုက်တာ၊ မေမေအိမ်မှာစောင့်နေတာကိုကွာ!*

" မဟုတ်..ဘူး မေမေ၊ သား...သားလာမလို့ပဲ...တကယ်ကြီး မေမေ.. "

" တော်လိုက်တော့ တရားခံ ဇိုင်းဇေ!! အ့~ "

" မင်းကိုဖယ်နေလို့ငါပြောထားတယ်လေ! "

" ကျူးငယ် "

" ရတယ် ရဲမှူး "

ကားအရှေ့တည့်တည့်မှာ အရူးလိုလေထဲလက်တွေဆန့်ထုတ်ပြီး ဘယ်ကမရှိတဲ့မေမေကို ခေါ်နေရသလဲ ခင်များရယ်။

သူ့လက်ကို သွားဆွဲတော့ ခါထုတ်လိုက်တာကြောင့် နောက်ကိုတစ်ချက်ယိုင်သွားတော့ ရဲမှူးလည်း စိုးရိမ်တစ်ကြီးမေးတယ်။ ဒါပေမဲ့ သူ့မျက်လုံးထဲတော့ ခုလက်ရှိ ဇိုင်းဇေပုံရိပ်တွေက ဘယ်တော့မှထုတ်ရတော့မှာ မဟုတ်ဘူး။

ထင်ကြပြန်ပြီလား။ ဇိုင်းဇေဆိုတဲ့ကောင်က စိတ္တဇပါဆိုပြီးလေ။ မြင်နေရတာ! တကယ်ကြီး သူ့အမေကိုမြင်နေရတဲ့ အပေါ်မှာ ဘေးကနေ သနားစရာလို လာကြည့်နေတဲ့ ရဲပိစိကြောင့် စိတ်တွေက တောင်စဉ်မရ ဒေါသထွက်လာရသည်။

*ဇိုင်း! လာ! မေမေနဲ့လိုက်ခဲ့တော့ သားလေး...*

" ဘယ်ကို "

လက်ထိပ်ကြီးခတ်ရက်နဲ့ ဘယ်ကိုလိုက်သွားရမှာလဲ။ မဟုတ်သေးဘူး။ သေပြီလေ! မေမေက သူ့မျက်စိရှေ့တင် အသက်မရှိခဲ့တာလေ။

ဒါက..ဒါကြီးက မဟုတ်သေးဘူး!!

" အား!!! "

" ဇိုင်းဇေ... "

" ဟာ ဘာလဲ၊ ဘာတွေလဲ!!! "

ဇိုင်းဇေမှာ ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်နဲ့ အသက်မနည်းရှုနေရသည်။ မေမေက မြင်နေရပေမဲ့ လူမှမဟုတ်တာ။ အသားလွတ် အဆင်အခြင်မဲ့ မတွေးခေါ်နိုင်ပဲ နေမလား။ ဒါကပုံမှန်မှမဟုတ်တာ။

ဒါပေမဲ့ ဘာလို့ သူ့ကိုအနွေးထွေးဆုံး ပြုံးပြီး စိုက်ကြည့်နေတဲ့ မေမေ့ကိုမြင်နေရသလဲ။

" မဟုတ်ဘူး!တောက်!!! "

" ဇိုင်းဇေ ခင်များ... "

နွယ်ရှင် {Complete}Where stories live. Discover now