Part-23

2.1K 195 7
                                    

*Unicode*

အဖြစ်အပျက်တွေ မြန်မြန်ဆန်ဆန်နဲ့ လွှာက ရောက်ချလာပြီး ပြဿနာ‌တွေ ပေးသွားတယ်ပဲ ဆိုရမယ်...အပြည့်အဝတော့ မဟုတ်ဘူး။ လွှာ့ကြောင့် အစချီတဲ့ ကိစ္စကနေ ခုတော့ ယင်းနဲ့သူသာ အူလည်လည် ဖြစ်ကျန်ခဲ့သည်။

တခြားတော့မဟုတ်...လူဆိုးကောင်လေးရဲ့ တဇွတ်ထိုး တဇောက်ကန်း ပြောချင်ရာပြောချပြီး ပါးစပ်ထဲ ပြန်သွတ်မရတော့တဲ့ လုပ်မှာလား ဆိုတဲ့ စကားဝါကျထဲ စုန်းစုန်းမြောသွားခဲ့တာ။

လွှာပြန်သွားတဲ့နေ့လည်ထဲက ချော့တစ်နည်း ခြောက်တစ်နည်းနဲ့ နေ့လည်စာကျွေးရသည်။ ကျောကုန်းကမရှိတဲ့ ဂျီးတွေကို လှန်ပြပြီး ရေချိုးရင်း ဂျီးတွန်းခိုင်းတယ်။ မလုပ်ပေးရင် နောက်ထပ် ဆယ်ရက်ရေမချိုးဘူးတဲ့။ အလုပ်လည်း သွားခွင့်မပြုပါဘူးတဲ့။

သေချာဂျီးတွန်းပေးရင်း အငြိမ်မနေ စနောက်နေတဲ့ ယင်းကြောင့် လွှတ်ခနဲ တကယ်လုပ်လိုက်ရမလား လို့ပြောမိလိုက်တယ်...အဲ့မှာနိဒါန်းအစပြိုးသွားတာပဲ။

ပြန်ပြောလာတာက လုပ်ကြည့်မလားတဲ့။ ဘယ်လိုတောင်ရဲတင်းမှုလဲ။ နှစ်ယောက်လုံး အပေါ်ပိုင်းအဝတ်မပါတဲ့ ရေချိုးခန်းထဲမှာ တဖြည်းဖြည်း အနားကပ်လာခဲ့တဲ့ ယင်းကြောင့် အကြိမ်ကြိမ် သတိကပ်နေရင်းမှ အန္တရာယ်သိပ်များတဲ့ နှုတ်ခမ်းလွှာတွေဆီ ကျူးကျော်မိလိုက်သည်။

ပွတ်သပ်မိနေတဲ့ ခန္ဓာကိုယ်တွေက ယင်းကျောကုန်းတွေကနေ တင်ပါးပြည့်ပြည့်ဖြိုးဖြိုးတွေဆီ လက်တွေလှမ်းမိခဲ့မှ စိတ်နဲ့ခန္ဓာ အိုးစားကွဲသွားတာကနေ ပြန်ပေါင်းထုပ်သွားတော့သည်။

ရုတ်တရက် ရပ်လိုက်တဲ့ သူ့ကို ဝူးဝူးဝါးဝါးတွေ ဗလုံးဗထွေးနဲ့ အော်ပြောသည်။ သေတောင်နောက်ကို ကျုပ်အသားလာမထိနဲ့တဲ့။ ခင်များမသေ ကျုပ်အသေပဲ ဆိုပြီး ရေချိူးခန်းထဲက ပီပီပြင်ပြင်ပဲ တင်ပါးတွေ ပစ်ခါပြီးထွက်သွားခဲ့ပါသည်။

နိဂုံးချုပ်ကတော့ မနေ့ညက ယင်းနဲ့အတူမအိပ်ရသလို ခုမနက် ရုံးသွားဖို့ ပြင်ဆင်နေတဲ့ အချိန်ထိလည်း တစ်ဖက်သတ်စကား‌တွေချည်း ဆို‌နေရသည်။

နွယ်ရှင် {Complete}Where stories live. Discover now