Part-49

1.6K 82 7
                                    

*Unicode*

ရက်အနည်းငယ်ကို ကျော်လွန်လာတဲ့အခါ ဇိုင်းဇေရဲ့ ခုနစ်ရက်ပြည့် ရက်လည်နေ့ရောက်လာခဲ့သည်။ စည်စည်ကားကားရယ်မဟုတ် ဇိုင်းဇေရဲ့ အသိမိတ်ဆွေတွေဟာ ခပ်နည်းနည်း။

အများစုဟာ လျှို့ဝှက် လုပ်ကိုင်ကြသူတွေမို့ သူတို့ပါတနာ ဇိုင်းဇေသေဆုံးမှုမှာ အော် ဆိုပြီး တစ်ချက်သာ ရေရွတ်ကြမဲ့ သူတွေကြီး ဖြစ်‌နေသည်။

ဦးကောင်းနက္ခတ်ရဲ့ တပည့်လေးတစ်ယောက်နာရေးလေလို့ ခေါင်းစဉ်တပ်ပြီး ရောက်လာကြတဲ့ လူအနည်းစုနဲ့ ဇိုင်းဇေရဲ့ ခမ်းခမ်းနားနားအိမ်ကြီးထဲ ဘုန်းကြီးတရားနာသံတွေ ဖုံးလွှမ်းခဲ့သည်။

တစ်ပါတ်လုံး လူမရှိတော့တဲ့ အိမ်ကြီးက ဖုန်တစ်စက်တောင် မရှိပဲ ပြောင်ရှင်းပြီး သပ်ရပ်နေတာ ကျူးငယ်ကြောင့်။ သေချာ ဆရာတော်တွေကို သေဆုံးပုံကအစပြောပြီး နောက် ဇိုင်းဇေရဲ့အမေနဲ့ပါအတူတူ ရေစက်ချပေးဖို့။

ကျူးငယ်လည်း သူတတ်သလောက် မှတ်သလောက်လေးနဲ့ ဇိုင်းဇေအတွက် အများကြီး ခေါင်းခံပေးနေသည်။ နောက်ပြီး ကျူးငယ်သစ္စာရဲ့ မိဘနှစ်ပါးလုံးဟာ နိုင်ငံခြားမှာ။

တစ်ကိုယ်တည်း မြန်မာနိုင်ငံက ရဲအလုပ်ကိုမှ လုပ်ချင်လှချည်ရဲ့ဆိုတဲ့ ကျူးငယ်အပေါ် မိဘတွေလည်း လွှတ်ပေးထားပုံရသည်။ အခုတော့ အချစ်အတွက် ကောင်ငယ်လေးက ရင့်ကျက်ပြ တည်ငြိမ်ပြနေသည်လေ။

" ကျူးငယ် "

" ဗျာ "

" အဆင်ပြေရဲ့လား "

" ဟုတ် "

မောင်ဇိုင်းဇေနဲ့တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော သာဓု သာဓု သာဓု..............။

ဝဲတတ်လာတဲ့ မျက်ရည်တွေကြားက ရအောင်ပြုံးသည်။ အဆုံးထိ ရအောင်လိုက်ဆိုရင်း ခပ်တိုးတိုး သက်ပြင်းချသည်။

အချိန်တိုင်း အမှတ်ရနေမဲ့ အဲ့နေ့လည်က သူ့ပါးပေါ်က အေးစက်စက်အထိအတွေ့။ သူ့ပေါင်ပေါ်မှာ ‌သွေးအလိမ်းလိမ်းနဲ့ မျက်နှာ‌တစ်ခုလုံး ရှုံ့မဲ့နေရင်း သူ့မျက်ရည်တွေကို သုတ်ပေးဖို့ လက်လှမ်းခဲ့တဲ့ အချိန်တစ်ခနလေး။

နွယ်ရှင် {Complete}Where stories live. Discover now