Part-17

2.7K 205 15
                                    

*Unicode*

ကုမ္ပဏီတစ်ခုရဲ့ အကြီးဆုံးအတွင်းရေးမှူး၊ သူဌေးရဲ့ အားအကိုးရဆုံး လက်ထောက်တစ်ယောက်ဟာ ယောက်ျားလေးပဲ ဖြစ်လို့မရဘူးလား။

မေမိုး။ မေမိုး။ မေမိုး။ ညအချိန်တွေထိ နာမည်လေးကြားနေရရုံနဲ့တင် ယင်းညှို့ရာကို သွေးတတ်စေသည်။ တစ်ခါ ဒီးခေါ်ပြ၍ အလုပ်အကြောင်း video call တစ်ခုမှာ သူ မမေမိုးကို တွေ့ဆုံဖူးသည်။

လူမှုရေးနားမလည်သလို သရုပ်ဆောင်ရကောင်းလား ဒီးရဲ့ ရှည်လျားတဲ့ သွန်သင်ဆုံးမမှုအောက်မှာ သူအိပ်ပျော်သွားခဲ့ရသည်။

သူတကယ်မသိဘူး။ နားလည်းမလည်ဘူး။ ယင်းညှို့ရာ ဘဝတစ်လျှောက်လုံးမှာ အဆင့်အတန်းတစ်ခုနဲ့ ရှိမနေခဲ့ဖူးဘူး။ ဒီးက ပြုပြင်နေပေမဲ့ သူအလွယ်တကူ သူ့စရိုက်တွေကို ပြင်မပစ်နိုင်ဘူး။

သူ့မပြေလည်မှုတွေကို ဒီးက မသိဘူး။ ဒီးချစ်ရတဲ့ အမျိုးသမီးနှစ်ယောက်နဲ့တင် နေ့နေ့ညည စိတ်တွေ မလုံခြုံလာခဲ့တာ။ ဒီလို မိန်းမလှလေးတွေချည်း ပတ်လည်နေတဲ့ ဒီးအသိုင်းအဝိုင်းထဲ သူတိုးဝင်ချင်မိလာသည်။

အသာတကြည် လက်ခံခဲ့ပြန်တဲ့ ဒီးက သူ့ကုမ္ပဏီဆီ အလည်ခေါ်သွားတော့သည်။

ရှပ်လက်ရှည် နီညိုရောင်သန့်သန့်ရယ်၊ စတိုင်ပန်အမဲလေးနဲ့ နောက်ခါးပတ်အမဲတစ်ခု....သေချာသပ်ရပ်အောင် ဝတ်ပြီးသွားတဲ့ ယင်းဟာ မှန်ရှေ့မှာ တကယ်ကြည့်ကောင်းပါသည်။

ကာလာဖျော့ဖျော့ ရှူးဖိနပ်လေးပါ ထပ်ဖြည့်လိုက်ရင် ဒီကောင်လေးက လုံးဝ perfect! ဆံပင်သိပ်မရှိတဲ့ ဂတုံးဆံပင်ပေါက်ပုံစံလေးကကို တမျိုးဆွဲဆောင်ထားနိုင်ပါသည်။

မှန်ရှေ့မှာ ကိုယ့်ပုံစံကိုယ်ပြန်ကြည့်ပြီး ရယ်နေတဲ့ ယင်းက ဘာအတွေးတွေ ရှိနေလောက်မလဲ ဒီးလည်း မခန့်မှန်းတတ်။

သူ့လုပ်ငန်းခွင်ထဲ စူးစမ်းချင်ပါတယ် စကားကြားလာရတော့ ပျော်ရတာ ဒီး။ ဖဲဝိုင်းတွေဆီ ထပ်မသွားအောင် နည်းအမျိုးမျိုးနဲ့ သူတားထားရတာ အောင်မြင်သွားသလိုနဲ့ သူကတော့ ယင်းကို သူ့ပတ်ဝန်းကျင်မှာ အသားကျစေဖို့ ကြိုးစားသွားမှာပင်။

နွယ်ရှင် {Complete}Where stories live. Discover now