Part-18

2.4K 209 6
                                    

*Unicode*

" ခင်များကလေ အရမ်းမဖက်... "

" နက္ခတ် "

" ဟင်... အဖေ...."

" ဒါဘယ်လိုဖြစ်ကြတာလဲ "

ပူးကပ်နေတဲ့ ခန္ဓာကိုယ်တွေက ဒီးအဖေရဲ့ တအံ့တဩ ခေါ်သံကြောင့် ပျာပျာသလဲ ထပ်ဖယ်ခွာရပြန်သည်။ တအံတဩနဲ့ ဒီး ယင်းကိုယ်ငယ်ကို သူ့နောက်ပို့ထားမိသည်။

" အဖေ ဘယ်လိုလုပ်ရောက်လာတာလဲ "

" လမ်းကြုံတာနဲ့ပဲ နက္ခတ်၊ ဒါနဲ့ ယင်းညှို့ရာ ဒီကောင်လေးရှိနေမယ်တော့ မထင်ထားဘူး "

" အင်း ကျွန်တော် ကုမ္ပဏီဆီ ခေါ်လာခဲ့တာ "

အေးအေးလူလူ ဦးကောင်းနက္ခတ်က ဆိုဖာမှာ ခြေချိတ်ရင်း ဝင်ထိုင်သည်။ ဒီးကပါ အလိုက်တသိ ဖုန်းကောလ်နဲ့ ကော်ဖီလှမ်းမှာပြီး ယင်းကို အဖေ့ရှေ့မှာ ထိုင်စေသည်။ သူနဲ့အတူတူ။

ပါးစောင်ကို လျှာနဲ့ ခနခနထိုးနေတော့တဲ့ ယင်းက အခန်းတွင်းက လေထုကို စဖြိုသည်။

" အတော်ပဲ၊ ကျနော်လည်း ဦးလေးကို မေးချင်နေတာရှိတယ် "

'" ယင်း ဘာကိုလဲ... "

" ပြောစရာရှိတာပြောပါ "

ကြားဖျက်ကြေညာလေးတစ်ခု။ ဒီးအဖေ မတွေ့ရတဲ့ ရက်တွေအတွင်း ပိုအိုသွားသည်။

" ယင်းညှို့ရာ နက္ခတ်နဲ့ နေရတာ အဆင်ပြေလား သား... "

" ပြေတယ် ဦးလေး၊ ကျနော်မေးမှာက "

" ပြောလေ "

" ကျွန်တော့်မိဘတွေရဲ့ အုတ်ဂူတွေဘာတွေများ ရှိသေးလားလို့ "

ကောက်ခါငင်ခါ ထမေးတဲ့ ယင်းကြောင့် ဘေးက ဒီးအံဩရပြန်သည်။ သူ့ကလေးငယ်စိတ်ထဲ ဒါတွေ ရှိနေလောက်မှန်း သိပေမဲ့ မျက်နှာသေနဲ့ မေးလာနိုင်မယ်တော့ သူမထင်ထားတာအမှန်။

" အဲ့လိုမျိုးတော့ မရှိဘူးလေ၊ ဒီလိုပဲ မီးသဂြိုဟ်လိုက်တာ၊ အုတ်ဂူတွေဘာတွေ မလုပ်ထားဘူး သား "

" အော်....အင်းပေါ့ "

ကဲ...မရှိဘူးဆိုတော့လည်း မရှိဘူးပေါ့။ ဒီဘဝမှာတော့ အဖေ အမေဆိုသူတွေနဲ့ တွေ့ဆုံဖို့ ကံကိုပါမလာခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူ့ဘေးမှာ ဒီးရှိနေပြီပဲ။ မပူတော့ပါဘူးလေ။

နွယ်ရှင် {Complete}Where stories live. Discover now