Part-12

2.7K 214 16
                                    

*Unicode*

လက်တွေ့နဲ့ အတွေးတွေဟာ သပ်သပ်ရပ်ရပ်ကို ကွဲပြားသည်။ သတိရလို့ပါဆိုတဲ့ စကားတွေဆီ အလွယ်လေးအရှုံးပေးခဲ့ရင်း အဲ့လိုကပဲ ပေါ်လာလိုက် ပြန်ပျောက်သွားလိုက်နဲ့ ဒီလူကြောင့် တစ်နေ့တာတွေရဲ့ လှုပ်ရှားမှုတွေဟာ အရင်လို ပေါ့ပါးမနေတော့ပါ။

ဝန်ခံတယ်။ ကျွန် တော် ခင်များကိုသတိရတယ် ဒီး။

" ဟူးးး "

သူအခုလာထိုင်နေတာ ရေဝေးမှာ။ ဒီးရဲ့အဖေနဲ့ကလည်း မိဘတွေအကြောင်း ကြားရပြီးထဲက အဆက်အသွယ်ကိုမရှိသေးတာ။ မသိစိတ်ကတော့ သိချင်ပါသည်။ ဘယ်သုဿန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော့်မိဘတွေကို တွေ့နိုင်မလဲပေါ့။

မိနစ်ပိုင်းလောက်နဲ့တင် မရပ်မနားကို ငိုနေကြတဲ့ လူတွေရဲ့ ပုံစံအမျိုးမျိုးကို တွေ့နေရသည်။ ခပ်တွေတွေလေး ငါသေရင်ရော လို့ တွေးမိလိုက်တော့...ဖဲဝိုင်းကဘော်ဒါတွေသာ သွားသတိရမိသည်။ ရယ်ရသား။

ဖြောက်...ဖြောက်...ဖြောက်...

" မိုးရွာထဲ မထိုင်ရတာတောင်ကြာပြီကွာ၊ ရွာစမ်း စုတ်ပြတ်နေအောင် ရွာလိုက်စမ်းကွာ "

သူထိုင်နေတဲ့ အုတ်ခုံကို မိုးထားတဲ့အမိုးဟာ သိပ်မလုံချင်။ သဲသဲမဲမဲရွာလာတဲ့ မိုးရေတွေကြား ခနလေးနဲ့တင် သူ ကြွတ်စုတ်ကြီးဖြစ်သွားပြီ။

နည်းနည်းတော့ ချမ်းသည်။ ဒါပေမဲ့ ကြိုက်သည်။ ဆူဆူညံညံ အသံလုံးကြီးတွေနဲ့ ရွာချနေတဲ့ မိုးတွေကိုမုန်းသည်။ ဒါပေမဲ့ မိုးရေစက်တွေကို သဘောကျတယ်။ ပြီးတော့ ဒီးကိုရော....။

*************

တစ်ပါတ်လောက် ကုမ္ပဏီဆီ မလာဖြစ်မှာမို့ သေချာလေး အလုပ်တွေ လက်စသပ်နေလိုက်သည်။ ဆက်တိုက်အလုပ်တွေ လုပ်နေရင်းကို ပြုံးနေမိပြန်သည်။

လွှာ....ဖုန်းထဲက ခုထိ မဖျက်ပစ်ရသေးတဲ့ လွှာနဲ့ပုံတွေကို မြင်မိလိုက်တော့ ဒီတခါတော့ အမိအရ ဂတုံးလေးနဲ့ ဓာတ်ပုံရိုက်ရမယ်လို့ တွေးမိသွားထဲက သေချာခဲ့သည်။

လိုချင်ခဲ့တာ မေတ္တာတရားတွေ၊ နားလည်ပေးမှုတွေ။ အခြား တစ်ယောက်ဆီက သဲသဲလှုပ်အချစ်ခံချင်ခဲ့တာမျိူးတွေ။ ခုတော့ မဟုတ်တော့ဘူးတဲ့။

နွယ်ရှင် {Complete}Where stories live. Discover now