Part-52

1.7K 92 19
                                    

*Unicode*

နေ့ရက်တွေ၊ လတွေ၊ နှစ်တွေ အစီအရီပဲ ပြောင်းလဲလာခဲ့တယ်။ ဖြိုးဖြိုးဖြောက်ဖြောက် ရေစက်တွေနဲ့ မိုးကုန်ရင် ဆောင်းရောက်သလို တဖန် အိုက်စပ်တဲ့ နွေရာသီတွေ ရောက်လာခဲ့ပြန်တယ်။

အချိန်နာရီတွေ တစ်ရွေ့ရွေ့ ကုန်ဆုံးနေမှုမှာ လူတိုင်းလည်း ဘဝတာဝန်တွေပေါ် လက်တွေ့ကျကျ ထမ်းဆောင်နေကြတယ်။

ဒီထဲကမှ single mom တစ်ယောက်အနေနဲ့ ကြွကြွရွရွလေး နေထိုင်လာခဲ့တဲ့ ယုလွှာမြိုင်ဆိုတဲ့ မိန်းကလေးတစ်ယောက်လည်း ရှိနေတယ်။

ဒီးနက္ခတ်တို့အပေါ် အမှားကြီး မှားခဲ့မိတယ်။ ဝန်ခံရမယ်။ သူဟာ ငယ်ရွယ်ထဲက ဒီးနက္ခတ်ဆိုတဲ့ ချမ်းသာတဲ့ လူဆီက စည်းစိမ်တွေကို မက်မောလို့သာ အနားမှာ ရှိနေပေးခဲ့တာ။

သူကိုယ်တိုင်တောင် ချစ်ခြင်းမေတ္တာတွေပေါ် အတိအကျ ရရှိခဲ့ဖူးတယ် မဟုတ်တဲ့အတွက် သူပေးခဲ့တဲ့ မေတ္တာတွေကလည်း အတုအယောင်တွေ ဖြစ်နေခဲ့တယ်။

ဒါကိုမှ ထပ်ပြီး မိုက်ရူးရဲဆန်ခဲ့သေးတဲ့ သူ့အဖြစ်ကို ပြန်တွေးမိတိုင်း နောင်တရပါတယ်။ ဇိုင်းဇေလို အတ္တကြီးတဲ့ စေ့စပ်တဲ့လူမျိုးကို အထင်ကြီးမိခဲ့တော့ ရတတ်မအေးပဲ သူ့ဘဝတွေ ထပ်ပြီး ကမှောက်ကမ ဖြစ်ခဲ့ရတယ်။

သူ့အိမ်မှာ ဇိုင်းဇေခေါင်းဆောင်တဲ့ လုပ်ဇာတ်ကြီးက မပီပြင်ခဲ့ပဲ အဖမ်းခံခဲ့ရတဲ့ ဇိုင်းဇေလူတွေကြောင့် လွှာတစ်ယောက် တုန်တုန်လှုပ်လှုပ်ဖြစ်ခဲ့တယ်။

လက်ထဲမှာ ထွေးပိုက်ထားတဲ့ ကလေးငယ်အတွက် စိုးရိမ်မိလာတော့ ကတိုက်ကရိုက် အမေရိကကို ပြန်ပြေးမိခဲ့တယ်။ သူ ဒီးတို့အပေါ် ရင်မဆိုင်ရဲခဲ့ဘူး။

ချက်ချင်း ပြည်ပထွက်သွားခဲ့ပြီး တစ်ကိုယ်တည်း ရပ်တည်နေခဲ့ပေမဲ့ ဇိုင်းဇေဆိုတဲ့ လူရဲ့ ရုပ်ဆိုးလွန်းတဲ့ လုပ်ရပ်တွေကို သူကြားခဲ့ရတယ်။

သူလည်း ထွေထွေထူးထူး မတတ်နိုင်ခဲ့ဘူး။ ကြီးကြီးမားမား ဘာမှ မဖြစ်ပါစေနဲ့ ဆုတောင်းရင်းပဲ သူ့မှာ နောင်တတွေနဲ့ သူ့လက်ထဲက Emma လေးအပေါ်သာ အကောင်းဆုံး မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။

နွယ်ရှင် {Complete}Where stories live. Discover now