Part-34

1.4K 114 19
                                    

*Unicode*

အချိန်သည် ညဆယ့်နှစ်နာရီအတိသို့ ရောက်သွားခဲ့ပြီ။

" ကဲ စလိုက်ကြရအောင်!"

လေတစ်ချွန်ချွန်နဲ့ အိမ်အောက်ထပ်ဆင်းသွားတဲ့ ဇိုင်းဇေ...
ကျန်ခဲ့တဲ့ စားပွဲပေါ်က စီးကရက်အငွေ့တွေဟာ ပိုင်ရှင်နည်းတူ မြူးလို့ထူးလို့ အခန်းတွင်း လွင့်မျောနေသည်...
သားအမိနှစ်ယောက်ဓာတ်ပုံဘောင်လေးကလည်း ဒုတိယအကြိမ် ကမ္ဘာငယ်ကျောပြင်ကျယ်ကြီးကို ကြည့်ပြီး ပြုံးနေခဲ့ပြန်သည်တဲ့....



*********************

အလုပ်စားပွဲပေါ်က တော်ရုံပြန်ထမလာတော့တဲ့ ဒီးကိုကြည့်ပြီး ယင်း မွေ့ယာပေါ်မှာ ထိုင်ငိုက်နေခဲ့ရသည်။

ဒီးဆိုသည်မှာလည်း ပတ်ဝန်းကျင်တောင် မေ့လျော့ပြီး အဆုံးသူ့ကလေးသူတောင် တစ်ချက်ဝှေ့မကြည့်ပဲ ဇိုင်းဇေရဲ့လုပ်ငန်းတွေကို စိစစ်နေသည်။ တစ်စတစ်စ ပေါ်ပေါ်လာတဲ့ တရားမဝင်အမှုတွေအ‌ကြောင်းတွေကို ကြည့်ပြီး အဲ့တော့မှ ဒီးက ပြုံးလာခဲ့ပြန်သည်။

ဒီး ရုတ်တရက် သူ့ယင်းကို သတိရသွားတော့မှ ကုတင်ပေါ် အကြည့်ပို့မိတော့ ငုတ်တုတ်လေးအိပ်ပျော်နေတဲ့ ယင်း။ ဒီးလည်း လက်စသတ်ပြီး သူ့ယင်းကို‌ နွေးနွေးထွေးထွေးထွေးဖက်ပြီး အိပ်ဖို့သာပြင်သည်။

" ဇက်တွေနာတော့မှာပဲ... "

ခပ်ဖွဖွကိုယ်လေးကို မွေ့ယာ‌ပေါ် အကျအနချရင်း အပူချိန်ကို ပိုပြီးနွေးစေလိုက်သည်။

" အင်းးးး...ဒီး! "

" ယင်း..နိုးသွားတာလား၊ ကျွတ်...ကျွတ်...ပြန်အိပ်ပြန်အိပ်...နော် "

" ဒီးကလည်းဗျာ! "

" ဟင်~ "

အချိန်ဘယ်လောက်ရှိသွားမှန်းမသိလိုက်။ သူ့ကိုယ်လုံးကိုချီမပြီး စောင်တွေဘာတွေခြုံပေးလာမှ တစ်ရေးနိုးတော့သည်။ ရင်ခွင်ထဲ ကလေးသိပ်သလို ထည့်သိပ်နေတဲ့ဒီးက သူပြန်နိုးလာတော့ ကျောကုန်းခပ်ဖွဖွပုတ်ပြီး ကလေးချော့သလိုချော့နေပြန်သည်။ တကယ် ဒီလူကြီးနဲ့တော့။

" နွေးနေတာပဲ ဒီးက "

" ဟုတ်လား~ "

" အွန်း... "

နွယ်ရှင် {Complete}Where stories live. Discover now