Part-16

2.6K 203 8
                                    

*Unicode*

နွယ်ကြိုးတွေ စရစ်လာရင် ဂယောင်ခြောက်ခြား မေတ္တာတွေ လွန်လာတယ်သည်။

ဘာပတ်သက်မှုလဲတဲ့ အဖြေတွေဟာ ရှိနှင့်ပြီးသား။ ဒီကောင်လေးကို စတွေ့တုန်းကတော့ စိတ်ဝင်စားမိတယ်ဆိုရုံလောက်သာ။

ရိုးရိုးလေးပဲ ကောင်လေးတစ်ယောက်ကို ဦးနှောက်ထဲ စွဲခဲ့သည်။ ထပ်ပြီး ရိုးရိုးလေးပဲ အမြဲတွေ့ချင်လာသည်။ ဘေးနားရှိစေချင်လာသည်။

စ‌တွေ့တဲ့ အချိန်ကာလတွေတုန်းက ဒီကောင်လေးကို ဘေးနားရှိစေချင်ပြီး အဖော်လုပ်ပေးစေချင်သည်။ ပြောရရင်တော့ ကိုယ့်လိုအင် ဖြည့်ချင်တာပေါ့ လူ့သဘာဝအရလေ။

ကိုယ့်လိုအင်ကြောင့် ဘေးနားရှိစေချင်ခဲ့‌ပေမဲ့ နောက်ပိုင်းတော့ သူ့လိုအင်တွေကို ဖြည့်စည်းပေးချင်လာသည်။ နှစ်ဦးစလုံးလိုနေတဲ့ ကွက်လပ်တွေဟာ ချစ်ခြင်းမေတ္တာ‌တွေမှန်း နားလည်ခဲ့လို့ အတိအကျပဲ ပေးနိုင်စွမ်းထက် ပိုအောင်ကို ကြင်နာပေးခဲ့သည်။

ပတ်သပ်မှုတစ်ခုနဲ့ ခေါင်းစဉ်တပ်ပြီးရင် ဒီကောင်လေးကို သေတဲ့ထိ ဘေးနားကထွက်သွားခွင့်ပြုမှာမဟုတ်လို့၊ ကိုယ့်ကမ္ဘာထဲ ဒီကောင်လေးကို အပြီးဆွဲသွင်းထားမှာမို့ အရင်နေသားကျသွားရင်ကောင်းမယ်ဆိုတဲ့ စိတ်နဲ့ နှုတ်ဆိတ်နေမိခဲ့သည်။

ခုတော့ အကြီးကြီးလွဲမှန်း အဲ့နေ့ညကတည်းက အေးစက်စက် ထုံပေပေသာ ပြုမူလာတော့တဲ့ ယင်းက သက်သေထူသည်။

" ယင်းရေ.... "

စကားသိပ်အပြောမခံပဲ ရှောင်နေတဲ့ ဒီကောင်လေးဟာ ဘာလူသားလေးပါလဲ။ အသဲယားလိုက်တာ။ သေချာပေါက် ဒီနေ့ အလုပ်သွားလဲ အဆင်ပြေမယ်မထင်လို့ ပြောရမဲ့စကားတွေလည်း အများကြီးရှိနေပြီမို့ နားရက်ယူထားသည်။

ခုတော့ အိပ်ခန်းထဲက မထွက်တဲ့ ကောင်လေးဟာ ကိစ္စတိုင်းကို အလိုမကျဖြစ်နေပုံပါပဲ။

" ယင်း ထတော့ "

" အင်းးးးး "

" ထ ရှစ်နာရီထိုးနေပြီ "

" ..... "

" ဟောဗျာ "

ထ ဆိုတော့လည်း ဘောင်းဘီရှည်ကို‌ သေချာလိပ်တင်ပြီး ကိုယ့်ကို မရှိသလိုပဲ ရေချိုးခန်းထဲ ဝင်သွားသည်။ ကိုယ်ပျောက်တဲ့ ဒီးနက္ခတ်ပါလား။

နွယ်ရှင် {Complete}Where stories live. Discover now