Part-22

2.2K 180 15
                                    

*Unicode*

ယင်းညှို့ရာ ကြိုတွေးထားလိုက်ရင် ဖြစ်မလာတဲ့ ကိစ္စတွေက များသည်။

ဒီးရဲ့အခန်းထဲက ထွက်ကိုမလာတော့တဲ့ ဟိုအမျိုးသမီး။ မမြင်တော့လည်း ဒီးအခန်းထဲ ဘာလုပ်နေမလဲ ‌သူ စဉ်းစားရ။ မြင်ရရင်လည်း ကုတ်ဖဲ့ပစ်ချင်တာသာ သိသည်။

မနက်စာစားပြီး ဗိုက်ဝသွားတာတောင် စိတ်တွေကကြည်‌မ‌နေ။ ဒီအိမ်ပေါ်က ထိုအမျိုးသမီး ထွက်သွားမှကို သူနေသာထိုင်သာ ရှိမှာ။

တီဗီကို တစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်နေလိုက်သည်။ ‌မမေမိုးနဲ့ အလုပ်အကြောင်း ဖုန်းပြောနေတဲ့ ဒီးကို ကြည့်ပြီး ဒီတိုင်းဆက်ပြီးသာ အဲ့မိန်းမကို အိမ်ပေါ်ခေါ်တင်ထားကြည့် သူနဲ့အတွေ့ပဲ။

" ကို~ "

" ခန လွှာ... "

" ဖုန်းပြောနေတာ မမြင်ဘူးလား၊ ဇွတ် ကို မနေနဲ့ "

သူ့အကြောင်းတွေးလို့ မဆုံးသေး ဂါဝန်ကားကားကြီးနဲ့ ဆိုဖာမှာ သူနဲ့မျက်နှာချင်းဆိုင် လာထိုင်ပြီး ကိုတွေ မောင်တွေ လာလုပ်နေသည်။ ဖျက်ရိုက်ပစ်လိုက်ရ။

" ငါ့ဘာသာခေါ်တာ မင်းနဲ့ဆိုင်လား "

" ဆိုင်တယ် အဲ့တာကျုပ်ချစ်သူ "

" အော် ယောက်ျားခြင်းလား ဟက်! ဒီးနက္ခတ်က ယောက်ျားခြင်းသဘောကျတဲ့ သူမှန်းမသိလိုက်ဘူး၊ ဖြစ်နိုင်ပါ့မလား "

ခြေချိတ်ထိုင်ပြီး အိုက်တင်အပြည့်နဲ့ လာပြောနေတဲ့ ရှေ့ကအမျိုးသမီးပုံစံကြောင့် သူမလွန်ဘူး၊ သူများလူ ကြောင်တောင်နှိုက်‌ချင်နေတာ တွေ့တဲ့သူတိုင်း သူ့လို လည်ပင်းညှစ်သတ်ချင်မှာပဲ။

" ဖြစ်နိုင်လို့ပဲ ကျုပ်နဲ့ညတိုင်းအိပ်နေတာလေ "

" ရိုင်းစိုင်းလိုက်တာများ "

" ခင်များကမှ... "

" ယင်း.... "

" ကျစ်! "

" ကို~~ဖုန်းပြောလို့ပြီးပြီလား "

" အင်း ဘာပြောစရာရှိလဲ လွှာ၊ ကိုယ်လည်း ပြောစရာရှိတယ် "

" ဟုတ် လွှာတို့ သပ်သပ်စကားပြောရအောင်လေ၊ လွှာလည်း ဒီကာလတွေအတွက် ကိုနဲ့ပြောစရာရှိတယ် "

နွယ်ရှင် {Complete}Where stories live. Discover now