Part-39

1.3K 85 10
                                    

*Unicode*

နားကြားမှားတာမှမဟုတ်တာ။ မေမေ့အသံကို အတည်ကြီး သူကြားလိုက်ရတာ။ ဒါကရှင်းပြရနည်းနည်းခက်မယ်။ သူ့ကိုယ်သူ မရူးမှန်း သူ့ဘာသာသိရင်ရပြီ။

အရာ...ဆူးရာလေး...သူ့အပိုင်ပစ္စည်းလေးက သူ့ကိုကြောက်ကြောက်လန့်လန့်ပါပဲ။ ဒါပေမဲ့ မတွေးမိတာလား မတွေးတတ်တာလား။ သူတစ်ချက်ဖျစ်ညှစ်လိုက်တာနဲ့ အိခနဲဖြစ်သွားမဲ့ ကိုယ်လေးက သူ့ကိုယ်သူလုံလောက်အောင် ကာကွယ်ထားနိုင်ပြီ ထင်ပုံရတယ်။ အလိုက်သင့် ပြဇာတ်လေးတစ်ပုဒ် ဆင်နွှဲပေးရတာပေါ့။

ဒီးနက္ခတ်ဆိုတဲ့ ကျားကောင်လေးလည်း နိုးလာပြီတဲ့။ ချက်ချင်းလေဆိပ်သွားဖို့ပြင်နေတယ်တဲ့။ လူယုံတွေက ကျွေးရကြိုးနပ်တယ်။ အတိအကျ သတင်းပေးမှုမှာ သူက အကြွအရွလေးပဲ ဒီကိုပြန်လာမယ်။

အစက ဟိုမှာပဲ အပီအပြင် သူ့အရာလေးနဲ့ ပွဲတော်တည်မို့။ ခုတော့ ‌ကြားယောင်နေတာ မဟုတ်တဲ့ မေမေ့ခေါ်သံတွေနဲ့ အတူတူ မေမေ့ကို အရာလေးနဲ့ မိတ်ဆက်ပေးဖို့ လုပ်ရမယ်။ သူ့အခန်းလေးဆီ ပြန်လာပြီး မေမေနဲ့ မိတ်ဆက်ပေးမယ်။

ပြီးရင်....ပြီးရင် ဒီတစ်ခါတော့ သူကြိုးကိုင်တဲ့ ပြဇာတ်လေးက ရှေ့ဆက်သွားမယ်....လုယူပြီး ကိုယ့်အပိုင်ဖြစ်အောင် လုပ်တယ်ဆိုတာ ဘယ်လိုလဲ အတိအကျပြပေးမယ်။

လေယာဉ်စီးလာရတဲ့ တောက်လျောက် ယင်း ကုတ်ကုတ်ကလေးသာ ငြိမ်နေမိသည်။ အစားအစာတွေ မျက်စိရှေ့ရောက်နေလည်း အမှန်တကယ်ပဲ သူမြိုမကျနိုင်။ သူ့ရဲ့ပထမဆုံး အတွေ့အကြုံတွေသည် ဆိုးဆိုးဝါးဝါး။

လူရမ်းကားတစ်ယောက်နဲ့ ဘေးချင်းယှဉ်ထိုင်နေရပြီး ဟိုနားလာထိလိုက် ဒီနားလာထိလိုက်နဲ့ကို ငြိမ်ခံပေးနေရသည်။ စူးနစ်နေအောင် စိတ်ရှုပ်တိုင်း ထအော်မရတဲ့ အခြေအနေမှာ လက်သီးတွေသာ ကျစ်နေအောင် ဆုပ်ပြီး တံတွေးတွေ မျိုချနေရသည်။

မိုင်ပေါင်းများစွာ ဖြတ်နေရမှန်း သိပြီး အိပ်ပျော်လုလုဆို လက်မောင်းတွေကို ဆွဲဆိတ်မိသည်။ မအိပ်ရဲဘူး။ အိမ်မက်။ အလကားမှမဟုတ်တာ။ အိပ်ပျော်သွားပြီး အမှောင်ထုဆီရောက်သွားရင် ဒီးက....ဒီးက သူ့ကိုထားသွားတာမျိုးတွေ ကြုံလာရရင် အမှန်တကယ်မဟုတ်ဘူးပဲဆိုဆို ‌ယောင်ယမ်းပြီးတောင် ဒီးကသူ့ကိုထားသွားခွင့်မပြုနိုင်ဘူး။

နွယ်ရှင် {Complete}Where stories live. Discover now