Part-43

1.6K 107 14
                                    

*Unicode*

လေပြေတွေ မုန်တိုင်းတွေ...တစ်ဖန်ပြီးဆုံးသွားလည်း တစ်ကြော့ပြန်ဖြစ်တည်လာအုံးမှာပဲ။ အဆုံးသတ်တွေကို မျှော်ကြည့်တဲ့အခါ လက်ရှိပစ္စုပ္ပန်မှာပဲ အဆင်ပြေရင် ရပါပြီဆိုတဲ့ စကားဝါကျတွေထိ ထွက်ကြလာတော့သည်။

အပူတပြင်းပဲ အနောက်မှာကျန်ရစ်ခဲ့တဲ့ ကိစ္စတွေကို အာရုံထဲက အလုံးစုံထုတ်ပြီး သတိမေ့သွားရတဲ့ ယင်းကိုယ်လေးကိုသာ ထွေးပွေ့ထားပြီး အနီးစပ်ဆုံး ဆေးရုံဆေးခန်းရှိနိုင်မဲ့ တစ်နေရာကို ဒီး ဦးတည်နေရသည်။

တောင်းပန်ပါတယ် တဖွဖွဆိုနေလည်း ပြီးခဲ့တာတွေမှာ ကမ္ဘာငယ်ပြောသလိုပဲ ကိုယ်တိုင်အသုံးမကျခဲ့သမျှ စကားလုံးတွေနဲ့ အစားထိုးရောချလိုက်လို့ဖြစ်သလား။

လွန်ခြင်းတရားတွေမှာ တရားခံဘယ်သူပါဟေ့ဆိုပြီး မသတ်မှတ်တော့ဘူး။ အရာအားလုံး ကံကိုပုံချမယ်။ ဒါဆိုလှလှပပလေး ‌ဇာတ်သိမ်းနိုင်လောက်မလား....။

မြို့ထဲပြန်ဝင်လာခဲ့ပြီး ဘယ်လိုအမည်ရှိတယ်တောင် မသိတဲ့ ဆေးရုံဝန်းကြီးအတွင်း ခပ်ကြမ်းကြမ်းထိုးဝင်သွားတဲ့ ကားတစ်စီး။

အလျင်အမြန် ယင်းကိုယ်လေးကို ချီမရင်း ဆေးရုံထဲပြေးရသည်ည်။ ပူခြစ်နေတာမဟုတ်တဲ့ တစ်ကိုယ်လုံးအေးစက်နေတဲ့ကိုယ်ငယ်က ဘယ်လိုတောင် နာကျင်မှုကို ချုပ်တီးခဲ့ရမလဲ။

ကပျာကယာ လာကြည့်ကြတဲ့ ဆရာဝန်တွေက ဒီးကိုမြင်တဲ့အခါ ရိုရိုကျိုးကျိုးပဲ ဆက်ဆံရင်း လူနာကို စမ်းသပ်သည်။

ဒီတော့မှ ဒီးမှာ မျက်နှာတစ်ခုလုံးက ချွေးတွေသုတ်ရင်း အသက်ဝဝရှုရတော့သည်။ ကုတင်ပေါ်က ယင်းမှာလည်း တစ်ကိုယ်လုံးချွေးစီးတွေနဲ့။

နောက်ပြီး ယင်းကိုယ်လေးမှာ ဒီးရဲ့ကုတ်အင်္ကျီရှည်တစ်ထည်ထဲ ဝတ်ပေးထားမိတာကြောင့် အမြန်ပဲ ဆရာဝန်တွေကို ပြောပြီး ယင်းကို ဆေးရုံက လူနာဝတ်စုံဝတ်ပေးလိုက်ရသေးသည်။

လူနာစမ်းသပ်တဲ့ ဆရာဝန်တွေကလည်း တအံ့တဩ ဒီးကိုလှည့်ကြည့်ပြန်သည်။ ခက်ထန်တယ် မဟုတ်တဲ့၊ အသားကုန်စိုးရိမ်ပြနေတဲ့ မျက်နှာထားမျိုးနဲ့လည်း မဟုတ်တဲ့ ဒီးကိုမြင်တော့ လူနာကိုသာ လိုအပ်တာတွေ ဆက်ကြည့်ပေးကြသည်။

နွယ်ရှင် {Complete}Where stories live. Discover now