Part-21

2.2K 180 16
                                    

*Unicode*

ချစ်ရသူနဲ့အတူ နိုးထလာတဲ့ မနက်ခင်းတွေဟာ ကြည်နူးစရာကောင်းကြောင်း သူသိနားလည်လာပေမဲ့ ဒီတခါတော့ လုံးဝမတွေးမိချေ...တစ်ဖက်ဒီးအခန်းထဲ ရှိနေမဲ့လူကို တွေးမြင်လိုက်ရင် အသဲတယားယား။

ခုထိအိပ်ပျော်နေတဲ့ ဒီးမျက်နှာဆီ ကြည့်မိတော့ ဒေါသတွေအစား တစ်ခနအတွင်း နမ်းချင်စိတ်တွေ နေရာယူလာရပြီ။

" အ့! ဒီး "

" အနမ်းသူခိုး မိပါပြီဗျို့... "

" ဟားးဟားး လွှတ်အုံး၊ အသက်ရှုကြပ်တယ် "

အတင်းကာရော ရင်ခွင်ထဲ ဆွဲသွင်းတာက အဆန်းမဟုတ်ပေမဲ့ ခြေထောက်တွေနဲ့ပါ ခွပြီး ချုပ်ထားမှတော့ ကောက်ညှင်းထုတ်လို ရင်ခွင်ကျယ်ထဲ မလူးသာ မလွန့်သာ...မြင်စေချင်လိုက်တာ ဟိုမိန်းမကို။

" ထတော့မယ်လေ ဒီး "

" နေပါအုံး၊ ခုဒီက ထသွားရင် လူကြီးလူကောင်းလို စကားတွေ ပြောရအုံးမှာ "

" ဘာခက်လဲ၊ ပြန်လွှတ်ရုံပဲ တွေးထားပြီးသား "

" ဟုတ်ပါ့ကွာ၊ ကလေးသဘော "

" လွှတ်တော့ "

" ထ မျက်နှာသစ် အဝတ်အစားလဲမယ်"

" ဟုတ်! "

ဘာတွေဖြစ်နေ ဖြစ်နေ ချစ်ရမဲ့ အချိန်မှာတော့ ချစ်ကြည်နူးရမှာပဲ။ တစ်ပဲသားမှ မလျော့နိုင်ပါ။ ဒီးကို သူပိုင်တယ်။

ဒေါက်...ဒေါက်...

" ကိုရေ နိုးပြီလား၊ ကို "

ဘာလဲ ဒီမိန်းမ။ မျက်နှာသစ် သန့်ရှင်းနေရင်း တန်းလန်း တံခါးလာခေါက်နေသည်။ စည်းမရှိလိုက်တာ လွန်ပါလေရော။

" ခန ယင်း၊ ကိုယ်သွားလိုက်မယ် "

သွားတိုက်ဆဲ ဒီးမှာလည်း အူကြောင်ကြောင်။ ယင်းမျက်နှာတစ်ချက်ကြည့်ပြီး ထွက်တွေ့ဖို့ လုပ်တော့...

" နေ နေ! ကျွန်တော်သွားမယ်၊ ဒီး လုပ်စရာရှိတာဆက်လုပ် "

ယင်းရဲ့ လုပ်ပြုံးကြီးနဲ့ ပြောတော့ လက်ခံလိုက်တဲ့ ဒီး။ တခါတလေ ယင်းရဲ့ လူမှုရေးနားမလည်မှုတွေက ဒီလိုနေရာတွေဆိုရင်တော့ဖြင့် အသုံးဝင်နိုင်ကောင်းပါရဲ့။

နွယ်ရှင် {Complete}Where stories live. Discover now