Part-37

1.4K 102 12
                                    

*Unicode*

" မင်းကိုလင်တော်မယ် "

" ??? "

" ....... "

တင်းခနဲဖြစ်သွားတဲ့လက်သီးဆုပ်လေးက ယင်းဆီက။ သူကဒီလိုပြောလာတာတောင် စီးကရက်အဖွာမပျက်တဲ့ ရှေ့က ဇိုင်းဇေကိုကြည့်ပြီး အနည်းငယ်တော့ ရှက်ကြောက်စိတ်တွေ ဖြစ်ရသည်။

" အရာ ဗိုက်ဆာနေတယ်မလား၊ ကိုယ်စီစဉ်ထားတယ်၊ အသားနဲ့ခေါက်ဆွဲအိအိလေး၊ အရင်စားလိုက်နော်၊ မိုးလင်းရင်ကိုယ်အပြင်ခေါ်သွားပေးမယ်၊ အရာပျော်သွားမှာ "

" မင်းကိုလင်တော်ပေးမယ်! "

???

" ဟက်! မင်းဘာတွေကြံနေတာလဲ၊ ခေါင်းထဲက ထုတ်ထားလိုက်ပါကွာ၊ အေးဆေးပဲ ကိုယ်မလောပါဘူး၊ နော့် "

ဇိုင်းဇေက ခုလက်ရှိ တံခါးနဲ့ကျော ကပ်နေဆဲ။ အဖြူဝမ်းဆက်နဲ့ကိုယ်ငယ်လေးကို ခေါင်းစခြေဆုံး တစ်ချက်ကြည့်သည်။

အခန်းထဲဝင်သွားပြီး ကျိန်းသေပေါက် မျက်ရည်တွေ ဘူးသီးဘူးပေါက် ကျနေမဲ့ သူ့အရာလေးကို မမှန်းဆမိတာမဟုတ်။ မျက်သားတွေရဲနေတုန်း မျက်နှာလေးက တစ်ခုခုကိုဆုံးဖြတ်ထားသည့်အလား....

အော်ပြောလိုက်ချင်သည်။ စစ်ထွက်တိုက်ရမှာမဟုတ်ပဲ ဒီကောင်ကို လင်တော်ပေးရုံလေးပါကွာလို့....ဒါပေမဲ့ မပြောဖြစ်လိုက်ပါ။ ခပ်တည်တည်ပဲ အစားအသောက်ဘက် စကားလွဲလိုက်သည်။

" ငါပြောတာမကြားဖူးလား အရိုင်းအစိုင်းကောင်၊ မင်းကိုလင်တော်ပေးမယ်လို့!! "

" ........ "

" ဇိုင်းဇေ!! "

" အဲ့တော့ ကိုယ့်အရာလေးက မင်းကိုငါလင်တော်မယ်၊ အပေးအယူတော့ရှိတယ်၊ ငါပြောသလို လိုက်လုပ်ပေးရမယ် အဲ့သလိုမလား၊ ဟင်~ဟင်လို့ ပြောပါအုံး အဆဲသန်လေးရဲ့~ "

" ဆက်မတိုးလာနဲ့!! "

" ဟက်! လင်တော်မယ်ဆို အထမြောက်အောင် တခုခုလုပ်ပေးရမယ် မဟုတ်ဘူးလား? "

" ဆက်တိုးမလာနဲ့နော်! မဟုတ်ဘူး ဟင့်အင်း၊ ဟုတ်တယ် ငါ..ငါ ဒီးဆီပြန်ချင်တယ်၊ လုပ်ပါ ငါ့ကိုပြန်ပို့ပေး နော်၊ ငါ့ကိုပြန်ပို့ပေးပါ၊ ဒီလိုတောင်းပန်ရလဲ ဖြစ်တယ် ဇိုင်းဇေ၊ တောင်းပန်ပါတယ် ပြန်ပို့ပေးပါ "

နွယ်ရှင် {Complete}Where stories live. Discover now