Part-48

1.7K 99 7
                                    

*Unicode*

" ကိုယ်တို့အတူတူ နေကြရအောင် ယင်း "

" ........... "

" ဘာစကားတွေပြောပြန် အင့်! "

ငုတ်တုတ်ထိုင်နေရက်သား ကိုယ်လေးကို ဒီး လှဲလျက် သူ့ကိုယ်ပေါ် ဆွဲတင်လိုက်သည်။ ခြေကားလက်ကားနဲ့ သူ့ကိုယ်ပေါ်က ယင်းက ပိုပြီးများ ဒေါသထွက်သွားသလားလို့....

" နာတယ်လို့! "

" ဟုတ်ပါပြီ ကိုယ်သိတယ် နာတာ "

" ......... "

" ဟက် စတာ စတာ၊ ကိုယ်စတာပါကွာ၊ မျက်စောင်းတွေကြီး ဇွတ်ထိုးနေတာ မျက်စိတွေနာသွားပါအုံးမယ် ယင်းရယ် "

ရယ်ပြီး ပြောနေပြန်တဲ့ ဒီး။ ယင်းကိုယ်လေးကို ကျစ်နေအောင် ဖက်ထားရင်း သူ့ကိုယ်အောက်ပြန်ပို့လိုက်သည်။ အရယ်မပျက်သေး။

ခေါင်းအုံးနှစ်လုံးကြားထဲ ခေါင်းလေးမြှုပ်နေတဲ့ ယင်းက ချစ်ဖို့ကောင်းသည်။

" ဒီး...... "

" အင်း ပြော၊ ကိုယ်ရှိတယ် "

" ပြောလေ ယင်း "

" ......... "

" ဒုက္ခပဲ၊ ဘာလို့နှုတ်ခမ်းတွေကိုက်နေတာလဲ၊ ဘာကိုမပြောရဲလို့လဲ၊ ကိုယ်ရှိတယ်လေ ပြောချင်ရာပြောလို့ရပါတယ် ကလေးငယ်ရယ် "

" ........ "

သူ့ကိုစိုက်ကြည့်ပြီး အောက်နှုတ်ခမ်းကိုသာ ခပ်နာနာကိုက်နေတဲ့ ယင်းကြောင့် အကြောင်းသိ သူက ယင်းစကားပြောဖို့ လမ်းဖောက်ပေးနေရသည်။

" ချစ်တယ် ခင်များကို "

" ကိုယ်ကလည်း ချစ်ရလွန်းလို့လေ၊ ကိုယ်ကလည်းမင်းကို ချစ်လွန်းလို့ပါ၊ ကိုယ်တောင်းပန်ပါတယ် ယင်းရယ်၊ ကိုယ်တောင်းပန်ပါတယ် "

အောက်နှုတ်ခမ်းကို ဖိကိုက်ထားတာ မပြတ်တဲ့ ယင်းက ဝဲတတ်လာတဲ့ မျက်ရည်ကြည်တွေကို မျက်တောင်ဖျားတွေနဲ့ ပုတ်ခတ်ထုတ်သည်။

နှုတ်ခမ်းတွေ ဆက်မကိုက်အောင် ဒီးက သူ့အနမ်းတွေနဲ့ ထွေးပွေ့လာတဲ့အခါ ဆက်မထိန်းနိုင်တော့တဲ့ ယင်းမျက်ရည်တွေဟာ မျက်နှာငယ်ငယ်ပေါ် ရွဲစိုရတော့သည်။

နွယ်ရှင် {Complete}Where stories live. Discover now