Part-51

1.6K 93 8
                                    

*Unicode*

" ဒီး~ထောင်ထဲပို့လိုက် အဲ့လူတွေကို! ဟင့်! "

" ကလေးက အဲ့လိုဖြစ်စေချင်လား "

" အွန်း~~ "

" ဟေ့ ကောင်လေး၊ ငါတို့! ငါတို့ကို အဲ့လိုတော့မလုပ်ပါနဲ့ကွာ "

နောက်ဆုံးတော့ မနေနိုင်တော့ပဲ အရှုံးပေးလိုက်ရတာ ဂွင်စဖန်တဲ့ဦးလေးကြီးနှစ်ယောက်။ ခပ်တည်တည်နဲ့ အရှိန်အဝါတစ်ခုအောက်မှာ စကားပြောနေတဲ့ ဒီးထက် အဲ့ဒီးရင်ခွင်ထဲက ယင်းရဲ့ မျက်နှာဘေးက ချက်ချင်း အမှားဝန်ခံစေဖို့ထိ တွန်းအားဖြစ်စေသည်။

ဒီးရင်ခွင်ထဲကနေ ရှေ့ကလူတွေ‌ကို ပြူးပြလိုက် မဲ့ပြလိုက်နဲ့ လူမိုက်ပြုံး ပြုံးပြလိုက်နဲ့ တစ်ယောက်တည်း ဘုရင်လုပ်နေတဲ့ ယင်းကြောင့် လူတိုင်းက စိတ်မနှံ့လေသလားတောင် တွေးချင်တွေးကြမှာ။ နောက်ပြီး ဒီသားအဖ တယ်ချစ်ကြပါလားလဲ တွေးမိကြအုံးမှာပဲ။

" ဒါဆိုစခန်းမှာ ရှင်းကြမယ်လေ၊ သွားမယ် "

" မဟုတ်ပါဘူး ကောင်လေးရာ၊ စိတ်လျော့ပါအုံး "

ဒီးက ယင်းရဲ့ ထောင်ထဲပို့ပေးဆိုတဲ့ အမိန့်စကားတစ်ခွန်းကနေ အစပြုပြီး ရဲရော ကျန်သူတွေကိုပါ ဟောက်စားလုပ်နေသည်။

သူ့မှာ တကယ်ထောင်ထဲသွင်းဖို့ အစီအစဉ်မရှိ။ ဒီလူတွေ ဒီလိုလုပ်စားနေကြပေမဲ့ သနားတာလည်း မရှိသလို ရွံရှာတာမျိုးလည်း သူစိတ်မရှိဘူး။ ဒါသူနဲ့မဆိုင်တဲ့ ကမ္ဘာတစ်ခုလို့ပဲ သတ်မှတ်ထားသည်။

ဒါပေမဲ့ သူ့ကလေးကို ဒီလိုတွေ လာလုပ်နေတဲ့ အတွက်တော့ ကောင်းကောင်းဆုံးမရမယ်။ နောက် တခြားလူတွေကိုလည်း ဒါမျိုးတွေ လုပ်စား‌နေအုံးမှာပဲ။ ယင်းလိုလူမျိုးကလည်း လူတိုင်းမဟုတ်။ ကြောက်ကြောက်ရွံ့ရွံ့နဲ့ဆို ဒီလူတွေ တောင်းတိုင်းပေးရမဲ့ အဖြစ်လေ။

" ကဲ! ကျုပ်ဘာမှမသိဘူး၊ ကျုပ်ကလေးကို မတရားလူကြားထဲ စွပ်စွဲခဲ့တာလေ ဘာပြန်လုပ်ပေးမလဲ၊ ပြော! "

" ဦးလေးတို့ မင်း သားကိုတောင်းပန်ပါမယ်ကွာ၊ စခန်း! စခန်းတော့ မသွားနဲ့တော့ "

နွယ်ရှင် {Complete}Where stories live. Discover now