ep 1(zg)

8.4K 264 2
                                    

တင်! တင်!

အေးစက်တဲ့မနက်ခင်းတစ်ခုမှာ နှိုးစက်ပယောဂဖြင့် မျိုးရွှေမြတ်မထချင်သော်လည်း ကုန်းရုန်းထလာရသည်။ ပုံမှန်ဆို ထိုနှိုးစက်အားရိုက်ခွဲလိုက်မည်ဖြစ်သော်လည်း ဒီနေ့မနက် မရုပ်လွှာကအဖြေပြန်ပေးမှာမို့ ဆက်အိပ်နေလို့မဖြစ်တော့။

မဆိုမှ ရုပ်လွှာဆိုတဲ့မနဲ့ ရွှေမြတ်က ရည်းစားမကျ မိတ်ဆွေမကတဲ့အခြေနေတစ်ခုပင်၊ ရွှေမြတ်လူတစ်ယောက်ကြောင့် အသဲကွဲပြီးဘ၀ပျက်လုနီးပါးဖြစ်ခဲ့နေတဲ့ချိန် ရွှေမြတ်ရဲ့အတိတ်ဒဏ်ရာတွေကို မကကုစားပေးခဲ့သူတစ်ဉီး။

မနဲ့တွေ့တာ၃နှစ်မကတဲ့အချိန်တစ်ခုရှိပြီဖြစ်သည်။ ဖေဖေကမနဲ့သဘောတူတာမလို့ မကသာကျွန်တော့ရဲ့အနာဂတ် အင်း အနာဂတ်ပေါ့လေ အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါ့မယ်။

/////

"Hi မ မနက်စာစားပြီးပြီလား"

ကော်ဖီဆိုင်ရဲ့ထောင့်လေးကို မ ၀င်လာတော့ရွှေမြတ် ဖော်ရွေတဲ့အပြုံးလေးနဲ့နှုတ်ဆက်လိုက်သည်၊ ရင်ဖုံးနဲ့ထမီကို ခန္ဓာကိုယ်နဲ့ ကွတ်တိဝတ်အမြဲဝတ်တဲ့မက နန်းဆန်တာထက်ကိုပိုပါသည်၊ ခုလည်းကြက်သွေးရောင်ပါတိတ်ဝမ်းဆက်နဲ့ မ ကရွှေမြတ်မျက်လုံးထဲတကယ် perfect။

"မစားရသေးဘူးမျိုး မျိုးရောစားပြီးပြီလား မကမျိုးနဲ့ဆိုင်ရောက်မှစား မလို့"

မရဲ့စိတ်ကဒီလိုပင်။ အရာရာမှာရွှေမြတ်နဲ့တူတူဖြစ်အောင် နေထိုင်သည်။ ရွှေမြတ်ကိုဉီးစားပေးသည်။ မကိုသဘောကျတဲ့အချက်တွေမှာဒါလည်းအပါအ၀င်ဖြစ်သည်။


"မစားရသေးဘူးမ၊ ဖေဖေက မနဲ့တွေ့ရမယ်ဆိုတော့ မနက်စာတောင်မစားခိုင်းဘူးလေ အတင်းကိုလွှတ်တော့တာ"

" မျိုးရယ်ဖြစ်မြှဖစ်ရလေ ဉီးလေးရောနေကောင်းလား၊ မနေ့ကပြည့်လျှံမှာတွေ့တယ် မသူငယ်ချင်းတွေနဲ့မုန့်စားရင်းလေ ။နေရာ ဝေးလို့နှုတ်တောင်မဆက်လိုက်ရဘူး"

လှောင်တဲ့အမူအရာမဟုတ်ဘဲ ခပ်ဆဆရီ၍ပြောနေသောမကို ရွှေမြတ်ပြုံးပြီးခေါင်းညိမ့်ပြလိုက်သည်။

"ဖေဖေကနေကောင်းတယ်၊ မဘာစားမလဲ ကျွန်တော်ရှင်းမယ်လေနော်"

"ဒီတခါတော့ မငြင်းပါဘူးရှင် ကိတ်နဲ့ကော်ဖီပဲမှာပေးမျိုး"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now