ကျလိ! ကျလိ!ရွှေမြတ် ဇက်ကနဲ မျက်လုံးပွင့်လာသည်။ ဘေးဘီ ကြည့်လိုက်တော့ ဆေးရုံမှာရွှေမြတ်ရောက်နေတာ ။ဘာတွေဖြစ်ခဲ့မှန်း ပြန်စဥ်းစားလို့မရ။ ထန်း ထန်းရော သူဘယ်မှာလည်း။
"အ~~အ"
"ဟင် သား သားလေးနိုးလာပြီ ဆ~~ဆရာဝန် "
ပြေးထွက်သွားတဲ့ဖေဖေ့ကိုကြည့်ပြီး ရွှေမြတ်ပါးစပ်က ခေါ်လို့မရ။အာခေါင်တစ်ခုလုံး ခြောက်ကပ်နေတာမို့ ဘယ်လိုခြစ်ထုတ်ခြစ်ထုတ် အသံကထွက်မလာ
"ဒေါက်~~ ဒေါက်တာ ကျွန်တော့်သားလေး အခြေနေဘယ်လိုရှိလည်းဟင် "
"လူနာကစိုးရိမ်စရာ မရှိတော့ပါဘူး၊ပြင်ပဒဏ်ရာတွေနဲ့ ခြေတစ်ချောင်းကျိုးသွားရုံကလွဲလို့ ကျန်တာအဆင်ပြေတယ်၊သေချာ ဂရုစိုက်ပေးရင် ဒီဒဏ်ရာတွေ အမြန်ပျောက်သွားမှာပါ အရမ်းကြီးမစိုးရိမ်ပါနဲ့တော့"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျွန်တော့်သားလေးသာ တစ်ခုခုဖြစ်ရင် ကျွန်တော်ရင်ကျိုးမှာ ကျေး~~ကျေးဇူးတင်ပါတယ်"
ဆရာ၀န်ကို ကျေးဇူးတွေစွတ်တင်နေတဲ့ဖေဖေက ရွှေမြတ်လက်လေးကိုကိုင်ပြီး ငိုနေသည်။သူတားချင်တယ် ၊ဖေဖေ့ကိုမငိုအောင်တားချင်တာမို့ လက်လေးကိုအားယူပြီး ဖေဖေ့မျက်နှာကမျက်ရည်လေး သုတ်ပေးလိုက်သည်။
"မ~ငို~နဲ့"
အဲ့တော့ဖေဖေက မျက်ရည်ဆက်လက်နဲ့ ပြုံးပြလာသည်။ထန်းဘယ်သွားလည်း မေးချင်သည်။သူဘာမှမမှတ်မိတော့၊ ခုဘယ်အချိန် တွေရှိပြီလည်း ရွှေမြတ်မသိ၊ဘာတွေဖြစ်ခဲ့လည်း ဆိုတာလည်းမသိ ၊သူအခုသိချင်နေတာ ထန်း။
"ထ~~ထန်း"
"ထန်း~~ ထန်းရင်းရိုင်ကို ပြောတာလားသား။သားထန်းက သူ့ဇနီးလောင်းနဲ့ ဂျာမနီကိုသွားပြီသား။သားညီက သားဖြစ်တာမသိဘူးနဲ့တူတယ်"
ဇနီးလောင်း!!
အာ ဟုတ်တာပဲ၊သူ ထန်းဆီသွားတာ ထန်းက စေ့စပ်သွားတာပဲ။ထန်းက သူ့ကိုရက်စက်သွားပြီ၊ငါ မင်းကို အရမ်းချစ်ခဲ့တာလေ မင်းကငါ့ကို မချစ်ခဲ့ဘူးနဲ့တူတယ်။ငါသိခဲ့ရမှာ ငယ်သေးတဲ့ မင်းရဲ့စိတ်ကစားတဲ့ခံစားချက်ကို။ရူးခဲ့တာပဲ ၊ဟုတ်တယ် သူထန်းပေါ် အရမ်းရူးသွပ်ခဲ့တာ ။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...