ep (18) zg

2.5K 138 3
                                    

2021 ခုနှစ်

"အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေရမယ်နော် သခွားသီး၂ရာဖိုးငါးလုံး သံပုရာသီး အရည်ရွှမ်းတာလေးတွေ ၁လုံးတစ်ရာ တစ်လုံးမှတစ်ရာ"

"အစ်ကိုရေ ဘာယူမလည်း ဘာရှာလည်း"

"ကိုကြီးဘာလေးယူမလည်း၊ ဘာလေးလိုချင်လည်း ပုစွန်တွေလတ်တယ်နော်"

"ကြက်သားတစ်ဆယ်သားမှ၅ရာ ၅ရာ"

အသံပေါင်းစုံ ဆူညံနေတဲ့နေရာ၊ဟုတ်ပါတယ် ရွှေမြတ်ရောက်နေတာ သိမ်ဇရပ်ဈေးထဲ ၊မနက်ဖြန်ဖေဖေ့မွေးနေ့ ရှိတာမို့ရွှေမြတ်တို့ အိမ်မှာအလှူလုပ်မှာ။ မနက်ထဲက အိမ်ရောက်နေတဲ့ သကောင့်သားက ရွှေမြတ်တို့အိမ်ကို သူ့အိမ်သူ့ယာလို လုပ်နေကိုင်နေတာ။

ဖေဖေကိုယ်တိုင်က သားထန်း သားထန်းဖြစ်နေတာမို့ ရှောင်ချင်တိုင်းရှောင်လို့မရ။ခုလည်း ရှုပ်နေတဲ့လူတွေကြားထဲက ရွှေမြတ်ကို အတင်းသူ့ရင်ခွင်ထဲထည့်ပြီး ဆွဲခြင်းက တစ်ဖက်နှင့်မမောဘူးလား မသိ။

နေကပူပူ၊ အဲ့ဒါကိုအပူစုပ်တဲ့ အမည်းရောင်shirtအထူကြီး ၀တ်ထားပြီး ချွေးတွေကရွှေမြတ် ပုခုံးပေါ်ပါတစ်ခါတစ်ခါကျလာသည်။

"ထန်း ငါကိုမဖက်ထားနဲ့၊လူမြင်မကောင်းဘူး"

ထိုအခါမှ ရွှေမြတ်ထက် ခေါင်းတစ်လုံးပိုသာနေတဲ့ ထန်းကရွှေမြတ်ကို ငုံ့ကြည့်လာသည်။ ဖက်ထားတာတော့မလွှတ်ပေးသေး။

"အချစ်ကလည်း ဈေးထဲမှာလူကရှုပ်ကရှုပ်နဲ့ ၊ဒီကြားထဲ အနံ့အသက်ကပေါင်းစုံ အချစ်ခေါင်းကိုက်မှာဆိုးလို့ပါ"

"ဖယ်စမ်းပါကွာ မင်းရေမွှေးနံ့ကပိုခေါင်းကိုက်တယ်၊လူကအဲ့လောက်လည်း ရှုပ်မနေဘူး"

"အွန်းပါ ကိုယ်ကအချစ်ကို စေတနာနဲ့ပါ"

ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတဲ့ထန်းက သူ့ကိုယ်သူတော်တော် လှနေတယ် ထင်နေတာလား။အရင်ကရှည်တဲ့ အရပ်က ဂျာမနီကပြန်လာတော့ပိုပြီး မိုးထိုးသွားသည်။သူဈေးထဲစ၀င်လာထဲက သစ်ကုလားအုပ်လို အရပ်ကြီးကို ဟိုလူကကြည့်လိုက် ဒီလူကကြည့်လိုက်နဲ့ ၊ဒါကိုတောင်သူက အတင်းကိုယ့်ကိုလာဖက် ၊နှုတ်ခမ်းဆူတာ တွေလုပ်နေတာ၊ ဘေးနားက လူတွေသူ့ကို ကြည့်နေတာ ဂရုမစိုက်တာလား မသိတာလားတော့မသိ ။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now