ep 3

10.9K 938 10
                                    


ထိုနေ့မှစ၍ ရက်သတ္တသုံးပတ်အကြာမှာ ပြိတ္တာကောင်ပြန်ရောက်လာပါသည်။ ကောင်းသောလာခြင်းနဲ့တော့မဟုတ်၊ လက်မှာသွေးအလိမ်းလိမ်းနဲ့။ ဘာဖြစ်တာလဲမေးမရ ချစ်တယ်ဆိုတဲ့စကားပဲရွတ်ပြီး သွေးတွေနဲ့သူ့ခန္ဓာကိုယ်ကြီးက ကိုယ့်ကိုအတင်းကာရောလာဖက်သည်။ အရက်မူးနေတာမှန်း ရွှေမြတ်သဘောပေါက်လိုက်ပြီမို့ နည်းနည်းထိန်းပေးရန်ရွှေမြတ်စဥ်းစားလိုက်သည်။ ကိုယ့်အလုပ်ခွင်မှာကိုယ်နဲ့ပတ်သတ်နေတဲ့လူကရမ်းကားမှာ ရွှေမြတ်မလိုချင်ပါ။

ရွှေမြတ်ကပဲသူ့ကို နားနေခန်းထဲခေါ်ထည့်လိုက်ရတော့သည်။ လမ်းမှာလည်းဒင်းခန္ဓာကိုယ်ကြီးမှအားမနာ သွေးတွေတတောက်တောက်နဲ့ကျနေတာကို ကောင်းကောင်းမလိုက်လာဘူး။ သီချင်းတွေအော်ဆိုလိုက် ရွှေမြတ်ကိုအတင်းကာရောလာဖက်လိုက်နဲ့။

ဒီမအေဘေးတော့!

လမ်းမှာတွေ့တဲ့မပုံ့ကမျက်စပစ်တယ် ဘာလဲပေါ့။ ရွှေမြတ်ခေါင်းသာခါပြလိုက်ရသည်။ ဘယ်လိုရှင်းပြရမှာလဲ ရွှေမြတ်ရည်းစားဟောင်းလို့လား။ ဒီတိုင်းဂျလေဘီတစ်ကောင်လို့လား။ သေချာတာတော့ အမအရင်းလိုခင်ရတဲ့မပုံ့ သွေးတက်မှာကိုရွှေမြတ်မကြည့်ရက်ချေ။

"ဟေး အချစ်၊ ဟိုဟာဘာကောင်လေးလည်းဟင်၊ နီနီရဲရဲသေးသေးကွေးကွေးလေး
ဒိုင်နိုဆောမဟုတ်လား။အွန် ဖြေလေ"

နံရံပေါ်က ကရင်နီကောင်လေးကိုလက်ညိုးထိုပြီးပြောနေတာ။မူးရူးပြဲကွဲ။ ဒီကောင်
ကိုယ့်ထက်အသက်၁နှစ်ငယ်လို့သာပဲ ခန္ဓာကိုယ်ကကိုယ့်၃ကိုယ်စာလောက်နဲ့။ အရက်စော်ကလည်းနံစော်နေတာ။ ရွှေမြတ်တော်တော်သီးခံပါသည်။ စိတ်ထဲမှာဒီပြိတ္တာကောင်ကို နုတ်နုတ်စင်းချင်နေပေမယ့်

"ထန်း! မင်းငြိမ်ငြိမ်နေလို့မရဘူးလား။ ငါပြစ်ထားခဲ့မှာနော်။"

"အချစ်ကရက်စက်လိုက်တာ ဟင့်!"

"ကိုယ့်ကိုမသနားဘူးလားဟင် ဟင်"

"~~ ဒီလိုအသဲကွဲမြို့က မင်းစွန့်ခွာနိုင်သူပါ~~~တစ်ခါတစ်ရံမင်းရဲ့အချစ်များ~~စိမ်းပြီလား~~"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now