ep (15)

6K 492 35
                                    


"အချစ် ..မနက်ဖြန် ရန်ကုန်ကို ကိုယ်နဲ့လိုက်ချင်လားဟင်"

ရွှေမြတ် သူ့စကားကိုဘယ်လို ပြန်ချေပရမယ်မှန်းမသိတော့။ ရည်းစားဖြစ်တာက ၇လလောက်ပဲရှိသေးတဲ့ပြင် ကိုယ့်ရင်ထဲကနှစ်နှစ်ကာကာ ချစ်မိသူ။ ဝေးရမယ်ဆိုတာသိပေမယ့် ကြိုတင်ပြင်ဆင်မထားတော့ ရွှေမြတ် လွမ်းရမယ့်ဝေဒနာကို ခံစားနိုင်ပါ့မလား မသေချာ။ဒါပေမယ့် လိုက်ဖို့ဆိုတာက ပိုလို့မဖြစ်နိုင်။

"ဟင့်အင်း..ဖေဖေရှိတယ်လေ"

အသက်ကိုပြင်းပြင်းရှုပြီး ထန်းက ရဲတင်းစွာစကားဆိုလာသည်။ထိုစကားက ရွှေမြတ်အသက်ရှုမှား လောက်တဲ့စကား။

"ကိုယ်တို့..ခိုးပြေးကြမလား"

"ဘယ်လို..."

"ဟုတ်တယ် ကိုယ့်မှာပိုက်ဆံတွေရှိတယ်၊အလုပ်ရှိတယ်။ကိုယ်က ဆယ်တန်းခုမှတက်ရတယ်ဆိုပေမယ့် အသက်ပြည့်ပြီးသား၊အချစ်ကို ကိုယ်စောင့်ရှောက်မယ်.."

ဟင့်အင်း အဲ့လိုမိုက်ရူးရဲဆန်ဖို့ ရွှေမြတ် အားမရှိဘူး၊ပြီးတော့ဖေဖေ ဖေဖေ့ကိုတစ်ယောက်ထဲ ထားပြီးထွက်မသွားနိုင်။
ဒါ့အပြင် ထန်းရောသူရောက ငယ်သေးသည်၊အိမ်ထောင်တစ်ခုကို ထူထောင်နိုင်တဲ့အရည်အချင်း မရှိကြသေးဘူး။

"ဟင့်အင်း...ဟင့်အင်းထန်း အဲ့လိုလုပ်လို့မရဘူး ငါတို့ကတအားငယ်သေးတယ်။မိဘရင်ခွင် ခြေစုံကန်ပြီး ဘ၀ထူထောင်ဖို့ဆိုတာ ငါသတ္တိမရှိဘူးထန်း"

"အဲ့ဒါဆို ကိုယ်တို့ဝေးရမှာလေ၊အချစ်သတ္တိရှိပေးပါလား .. နော်၊ဆရာ့ရဲ့သဘောထား ကိုယ်တို့မသိသေးဘူး၊အဆိုးဆုံးက ကိုယ့်ဒယ်ဒီ.. သူက.. ဟာကွာ အချစ်မသိဘူး... သူကဘယ်လိုလူမျိုးလည်းဆိုတာ၊ အချစ်ကသတ္တိရှိမှရမှာ"

ရွှေမြတ်အရှေ့ကလူကို စေ့စေ့ကြည့်လိုက်သည်။

ဟက်

"မင်းကငါ့ကို သတ္တိမရှိဘူးလို့ ဆိုလိုချင်တာလား၊ငါသတ္တိမရှိရင် မင်းနဲ့တောင် ရည်းစား ဖြစ်မလာဘူးထန်း၊မင်းဒယ်ဒီက ဘယ်လိုလူမျိုးလည်း ငါမသိဘူး။ဒါပေမယ့် ငါ့ဖေဖေကသဘောထား သေးသိမ်ပြီး ငါ့အချစ်ရေးကို လိုက်ချုပ်ချယ်မဲ့ လူမျိုးမဟုတ်ဘူး။ပြီးတော့ ငါပြောနေတာတွေက သတ္တိမရှိလို့ထွက်လာတဲ့ စကားတွေလား ဖြစ်သင့်တာကို စဥ်းစားတဲ့စကားတွေလား မင်းစဥ်းစား "

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now