ခပ်မြူးမြူးပျံ့လွင့်နေသောသီချင်းသံကြားထဲ ကခုန်မြူးတူးနေတဲ့လူတစ်စု။ Alan walkerရဲ့ fadedသီချင်းကို EDM versionနဲ့ ထိုလူစုကြီးဟာအရမ်းတွေကျေနပ်အားရစွာ ကခုန်နေကြသည်။ထိုထဲမှစည်းချက်ကျကျလိုက်ခုန်နေတဲ့ယောက်ျားလေးနှစ်ယောက် ၊ အရပ်ရှည်ရှည်အသားညိုညိုနဲ့ကောင်လေးဟာ အရက်ပုလင်းကိုင်ပြီး သီချင်းတွေအော်ဆိုခုန်ပေါက်မူးရူးနေတဲ့အသားဖြူဖြူနဲ့ချစ်စရာကောင်လေးကိုခါးမှထိန်းဖက်ရင်းသူပါလိုက်ကနေသည်။
Where are you now?
Where are you now?
Where are you now?Was it all in my fantasy?
Where are you now?
Were you only imaginary?
Where are you now?Atlantis
Under the sea, under the sea
Where are you now?
Another dream
The monster's running wild inside of me1! 2! 3! faded!!!!!
ထန်းအနည်းငယ်မူးနေပေမယ့် အရှေ့ကလူကပိုဆိုးနေတာကြောင့်ထန်းလိုက်ထိန်းနေရသည်။ အခုလည်းသီချင်းကိုတခြားလူတွေထက်ကျယ်အောင်ဆိုပြီး စင်ပေါ်ကိုတက်မယ်တကဲကဲလုပ်နေတာမို့ ခါးကထိန်းပြီးထန်းပါအချစ်နဲ့လိုက်ကခုန်လိုက်သည်။ထန်းဖက်ထားတာကိုတော့မရုန်း။ ကိုယ်လည်းမူးနေတာမို့တစ်ချက်တစ်ချက်ခန္ဓာကိုယ်ကစည်းချက်အတိုင်းပါသွားသည်။ အချစ်ခန္ဓာကိုယ်လေးကိုလည်းလွတ်ထွက်မသွားစေရ။
"ဟဲ့ဟိုမှာကြည့်ပါဉီးဟယ် မိုက်လိုက်တာ semeကြီးကဖက်ထားတာများ အီးစ်အားကျလိုက်တာကောင်မရယ်"
"အေးဟယ် အားးးငါအသဲတွေကလိကလိနဲ့ဖြစ်လာပြီနော် ukeလေးကချစ်စရာလေးဟယ်၊ မူးပြီးမျက်နှာလေးနီနေတာကအစ အမလေးအသဲယားနေပါပြီနော်"
"ဟယ် ဟယ်ukeလေးကsemeကြီးဘက်ကိုလှည့်ပြီးမော့နမ်းလိုက်တာ အားးးးစ်အားးးစ်သေပါပြီ သေပါပြီ မြင်လားမြင်လား "
ကမ်းခြေတစ်ခုမှာ EDMရှိုးပွဲတစ်ခုကျင်းပနေတာဖြစ်သည်။ ထိုကနေတဲ့လူအုပ်ကြီးကြားထဲက ထန်းနဲ့ရွှေမြတ်ကနေတာကို သွားရည်တမြားမြားနဲ့ကြည့်နေတဲ့မိန်းကလေးနှစ်ယောက်။ ထိုမိန်းကလေးတွေကတော့ တခြားလူများမဟုတ်ပေ lgbt suppoterများဖြစ်တဲ့ fujoshiမနှစ်ဉီးပင်ဖြစ်သည်။
ကမ်းခြေမှာဝတ်တဲ့ဟာဝိုင်အီshirtကို ဘောင်းဘီဒူးတိဂျင်းအကျပ်များနဲ့ ဆင်တူဝတ်ထားတဲ့ထန်းနဲ့ရွှေမြတ်။ ရွှေမြတ်ကအရပ်ပုပုဖြူဖြူဖွေးဖွေးလေးမို့ ဟာဝိုင်အီshirt အစိမ်းနုနုလေးနဲ့ဂျင်းပျော့အဖြူလေးကြောင့် ညမီးရောင်စုံတွေကြားထဲနတ်သားလေးတစ်ပါးအလား။ ထန်းကတော့ အထဲမှာT -shirtအဖြူခံပြီး အပေါ်ကရွှေမြတ်နဲ့ဆင်တူအင်္ကျီကိုမှ ကျယ်သီးဖြုတ်ပြီးရင်ဘက်ကိုဖွင့်လှစ်၍၀တ်ဆင်ထားသည်။ ခြေသလုံးမွှေးတြွေမင်နေရတဲ့ ခြေထောက်ညိုညိုဟာဆို ပြေးဖက်ချင်စရာအတိ။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...