~သွေးကြောထဲကစွမ်းအင်များ..ကိုကိုဖန်ဆင်းပေးထားလား~~
ဘူးပင်အောက်ကဖျာပေါ်မှာ နေကာမျက်မှန်တပ်ထားတဲ့ ကောင်လေးက တခြားကောင်လေးတစ်ယောက်ရဲ့ ပေါင်ပေါ်ခေါင်းအုံးအိပ်နေသည်။ ဖရဲသီးကိုအိပ်ရင်းစားနေတဲ့ကောင်လေးရဲ့ စူးစူးလွင်လွင်သီချင်းဆိုသံလေးအဆုံးမှာ ခပ်သြသြအသံတစ်ခုကထွက်ပေါ်လာလေသည်။
~ပိုင်းခြားတဲ့ခရီးမိုင်များ..လွယ်လွယ်ကျော်လွှားမောင့်နှလုံးသား~~~~~
"ဟိဟိ ထန်းငါ့ကိုဖြဲသီးတစ်လုပ်"
"အိပ်ရင်းမစားနဲ့လေအချစ် မြွေဖစ်တက်တယ်"
ထန်းခြေထောက်ကိုချိတ်ပြီးအိပ်ရင်း ဖရဲသီးစားနေတဲ့အချစ်ကိုသတိပေးရသည်။ အပန်းဖြေခရီးထွက်ချင်တယ်ပြောပေမယ့် ကိုဗစ်တြွေဖစ်နေတာမို့ထန်းတို့နှစ်ယောက် နောက်ဖေးကဘူးပင်အောက်ကိုပဲPicnicထွက်နေတာ။
"တကယ်ကြီးလားထန်း ငါမြွေဖစ်ချင်လို့ငါ့ကိုဒီတိုင်းပဲကျွေးတော့"
ထန်းမှာထပ်ပြောစရာစကားမရှိတော့။
"အွန့်! အင့်... ထန်း~ အ! ပြွတ်!"
ရွှေမြတ်အိပ်နေရင်း ဘီလူးစီးခံရလေသည်။ လျှာကိုရွှေမြတ်ပါးစပ်ထဲ အတင်းထိုးထည့်နေသူရဲ့ခေါင်းကိုတဖုန်းဖုန်းမြည်အောင်ရိုက်သော်လည်း နည်းနည်းလေးတောင်ရွေ့သွားခြင်းမရှိ။ ဘယ်လိုရုန်းကန်ရုန်းကန်မရတဲ့အခြေနေမှာ ထိုအနမ်းတွေကိုအာရုံမစိုက်နိုင်။ publish areaကြီးလေ။
"အင့်!.လွှတ်..ပြွတ်စ်!"
ရွှေမြတ်ရဲ့အောက်နှုတ်ခမ်းကို ပြွတ်ကနဲမြည်အောင်ဆွဲစုပ်ပြီးမှလွှတ်ပေးလေသည့် ထန်းစုတ်။ ပြီးတော့သူမဟုတ်သလို ပြုံးစိပြုံးစိနဲ့စာအုပ်ပြန်ဖတ်နေသည်။ မျက်စောင်းထိုးတာမိန်းမဆန်တယ်လို့ပြောကြပေမယ့် မတတ်နိုင်။စိတ်ထဲမှာဒင်းကိုတစ်ခုခုလုပ်ရမှကျေနပ်မှာမို့ ကိုယ်ထိုးလို့ရတဲ့မျက်စောင်းကိုပဲ နာနာထိုးပြစ်လိုက်သည်။
"အဟင်း~"
" ဂါး!!!!ထန်းစုတ်ကောင်!"
"အား!!!"
ထန်းရဲ့မချိမဆန့်အသံနက်ကြီး။
အောက်ကခွေးပေါက်က ပေါင်ကိုဆွဲကိုက်ထားတာပြတ်ပင်ထွက်တော့မည့်အတိုင်း။ ကိုက်ဆွဲရင်း ထန်းကိုမျက်လုံးလှန်ပြီးကြည့်လေတော့ ကြောက်များကြောက်မလားလို့ မျက်လုံးပြူးပြမိသည်။ ကိုင်တွယ်နည်းမှားတော့ ထန်းထပ်နာပြန်သည်။ ပို၍အားစိုက်လာတဲ့သွားချွန်ချွန်လေးတွေ။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...