ep (16)

5.5K 487 23
                                    


ထန်း အိမ်ပြန်သွားပြီး နှစ်ရက်မြောက်နေ့

"သားလေး ဘာလို့ရေခွက်ထဲမှာ ရေမရှိဘဲ မော့သောက်နေတာလည်း၊ပြီးတော့ပြောင်းပြန်ကြီး ဟားဟား ငါ့သားကတော့ကွာ"

"ဟင်း ဟင်း~~~"

ရွှေမြတ်ကိုကြည့်ပြီး ရီနေတဲ့ဖေဖေ့ကို မချိအပြုံးလေးသာပြုံးပြ လိုက်ရသည်။ကိုယ့်ဝေဒနာ ကိုယ်သာသိ၊အခုချိန်မှာ ဘယ်အရာမှ ရွှေမြတ်တွက်ဟာသ ဖြစ်မနေပါ။

~~I wanna boom bang bang with your body-o. We gonna rough it up before we take it slow.Girl,let me rock you rock you like a rodeo~~~

ရွှေမြတ် အိမ်အောက်ကနေ အူယားဖားယားအိမ်ပေါ် ပြေးတက်သွားမိသည်။ အခုချိန်မှာ အကြားချင်နေဆုံးက bumpy rideသီချင်းပဲ

"Hello~~"

ရွှေမြတ် ဖုန့်နံပါတ်မကြည့်ဘဲ ဟယ်လိုသံလေးပေးလိုက်တော့ ခပ်သြသြအသံထွက်လာသည်။

"လွမ်းတယ်~~"

"ဟင့်~~တူတူပဲ"

" အချစ်ခု ဘာလုပ်နေလည်း"

"အိမ်အောက်က ပုရွက်ဆိတ်လေးတွေနဲ့ဆော့နေတာ"

"ဟားဟား...အချစ်ရာ ဘာလေးလည်း၊ပုရွက်ဆိတ်နဲ့ဆော့စရာလား"

"လွမ်းတာကိုးလို့..ခု ညီညီလေးကဘာလုပ်နေလည်း"

"ကိုယ် အလုပ်ထဲမှာ"

"ဝါးးးဆယ်တန်းပြီးကာစ လူက အလုပ်နဲ့အကိုင်နဲ့ ဒီမှာတက္ကသိုလ်တက်နေတဲ့ လူတောင် အလုပ်မရှိဘူး"

"အဲ့တော့ မုန့်ဖိုးလိုချင်လား"

"မလိုချင်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့။ ပိုက်ဆံတော့အခု မလိုချင်ဘူး မုန့်ပဲထန်းနဲ့တူတူစားချင်တာ"

"ကိုယ်သဘက်ခါ အချစ်ဆီလာမယ်"

"တကယ်.."

ရွှေမြတ် မျက်လုံးလေးပြူးပြီးပါးစပ်လေး
ပါဟတဲ့ထိ အံ့သြသွားသည်။ အဲ့လောက်မြန်မြန်ကြီး ပြန်လာမယ်မထင် ထားတာအမှန်။

"အွန်း အချစ်တို့အိမ်တော့ မရောက်ဘူး၊ကိုယ်အဲ့ဘက် လာလို့အဆင်မပြေဘူး။အချစ်က ကားဂိတ်မှာ maskတပ်ဦးထုပ်ဆောင်းပြီး ထွက်လာခဲ့ ညနေ၆နာရီလောက် ရလား"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now