final (1) zg

1.9K 70 0
                                    

ရွက်ဟောင်းကြွေ၍ရွက်သစ်တွေဝေခဲ့ပြီ။ ကျောင်းသားတွေဟာ အချိန်မှန်ကျောင်းတက်နေကြပြီ။ ကျောင်းဆင်းချိန်ရယ်ကျောင်းတက်ချိန်ရယ်ကို အချိန်မှီရွာသွန်းတဲ့မိုးဟာ အခုလည်းကလေးများထမင်းစားကျောင်းလွှတ်တာမို့ တဝုန်းဝုန်းနဲ့ရွာသွန်းနေပြီ။ ထမင်းစားလာကြိုတဲ့မိဘတွေဟာသူတို့ ရဲ့ကလေးတွေမိုးရေမစိုအောင် အစွမ်းကုန်ကာကွယ်ပေးနေသည်။ တချို့ကိုယ့်စက်ဘီးနဲ့ကိုယ်ပြန်ရတဲ့ကလေးများက ထီးတစ်ဖက် စက်ဘီးတစ်ဖက်နဲ့ ကားလမ်းပေါ်အပြိုင်အဆိုင်နင်းနေကြတာဟာ စိုးရိမ်စရာအခြေနေ။

ကားတွေကမိုးရွာထဲကျပ်သပ်စွာမောင်းနေကြပြီး တစ်ချို့ကားတွေဆို ကျောင်းရြေှ့ဖည်းဖြည်းမောင်းဆိုတဲ့ဆိုင်းဘုတ်ကိုမတွေ့တာလား လူလိုနားမလည်တာပဲလားမသိ၊ လမ်းလျှောက်ပြန်တဲ့ကလေးတွေ၊ စက်ဘီးနင်းနေကြတဲ့ကလေးတွေဘေးနားမောင်းသွားတာများ အလျင်အမြန်။ တချို့ကလေးတွေကလည်း အတင့်ရဲစွာစက်ဘီးတစ်ယောက်တစ်စီးစီးပြီး တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ထားကြသည်။ တကယ့်အသည်းယားစဖွယ်မြင်ကွင်း။

"ထန်း ကားကိုဟိုကြားထဲရပ်လိုက်"

ရွှေမြတ် မူကြိုတက်နေတဲ့သားသားကို ထမင်းကျွေးရန်ကျောင်းသို့လာချင်းဖြစ်သည်။ ဒီနေ့မှကျောင်းစတက်တဲ့ပုစိက သူ့အဖေနှစ်ယောက်လုံးကျောင်းကိုလာရန်မှာထားတာမို့ ထန်းပါ,ပါလာရသည်။ ရွှေမြတ်​ပြလိုက်တဲ့နေရာမှာထန်းက ကားကိုရပ်ပြီးအနောက်ခန်းကထမင်းချိုင့်ကိုယူ၍ အရင်ဆင်းသည်။ ပြီးတော့မှရွှေမြတ်ကိုကားတံခါးလာဖွင့်ပေးပြီး တစ်ချောင်းထဲပါလာတဲ့ထီးအောက်ထဲနှစ်ယောက်လုံးဝင်ခို၍ သားသားရှိတဲ့မူကြိုဆောင်ကိုသွားလိုက်သည်။

ရွှေမြတ်တို့မူကြိုဆောင်ရှေ့ရောက်ချိန် အခန်းထဲနှစ်ယောက်လုံးမ၀င်ဘဲ သားကိုအရင်ချောင်းကြည့်တော့ လူအများနဲ့ဆိုအနေအေးတဲ့သားက လက်နှစ်ဖက်ပေါ်မေးလေးတင်ပြီး မှုန်ကုပ်ကုပ်လေးထိုင်နေသည်။ ဘေးနာကနေသားထက်အနည်းငယ်ထွားတဲ့ကောင်လေးတစ်ယောက်က သားဘေးနားကနေဘာတွေပြောနေမှန်းမသိ။ သားကတော့စိတ်ရှုပ်တယ်ဆိုတဲ့အမူရာနဲ့ ထိုကလေးကိုလုံးဝဂရုမစိုက်။ ရွှေမြတ်နဲ့ထန်းသားရဲ့ပုံစံကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရီမိကြသည်။ တကယ်မလွယ်တဲ့ပုစိ။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now