ep (7)

6.9K 643 18
                                    

ညနေကလေးတွေကျောင်းပြန်လာတော့မှာမို့ ရွှေမြတ် ဓာတုဆရာမကို ဆိုင်ကယ်နှင့်သွားကြိုရသည်။

"ဆရာမ သားလာကြိုတာ"

"အော် သားရွှေမြတ်ရောက်လာပြီ၊ ခနလေးသား ဆရာမထမင်းစားနေလို့၊ လာသားရောတစ်ခါထဲ ၀င်စားသွား"

မျက်နှာဝိုင်းဝိုင်းနဲ့ ဆရာမကရွှေမြတ်ကို ကြည့်လို့အိမ်ထဲကနေ အော်ပြောသည်။ စာသင် ချိန်မှာ တည်တင်းနေတဲ့မျက်နှာထားနဲ့ဆရာမက စာမသင်တဲ့အချိန်ဆိုတအား မျက်နှာချိုပါသည်။

" ရတယ်ဆရာမ သားမစားတော့ဘူး။ ခုပဲကွတ်တီယိုစားခဲ့လို့"

"အော် အေးအေးသား ဆရာမပြီးပြီ"

"ဟုတ် ကဲ့ ​"

ကလေးတွေကိုဓာတုသင်နေတော့ ရွှေမြတ်ကစာသင်ခန်းရှေ့မှာ စကားများတဲ့လူ၊အိပ်ငိုက်တဲ့လူတွေကို နာမည်မှတ်ဖို့ထိုင် စောင့်ရသည်။ စာသင်တဲ့အခန်းက အလုံပိတ်သဘောမျိုးဖြစ်ပြီး ယောကျာ်လေးတစ်role မိန်းကလေးတစ်role။

အိမ်နေကိုမိန်းကလေးလက်မခံပေမယ့် သူတို့အိမ်ကနေတက်တဲ့မိန်းကလေးများလည်းရှိကြသည်။ ရွှေမြတ်ကလေးတွေ
စောင့်ရင်း fbသုံးနေတုန်း စာသင်ခန်းထဲကနေ အပြင်ကိုဖောက်ထားတဲ့အပေါက်ကနေ စာရွက်လေးတစ်ရွက် ။ဖုန်းကိုချပြီး အထဲကတရားခံကိုကြည့်လိုက်တော့ ထန်းရင်းရိုင်၊
စာရွက်လေးကိုယူပြီးဖတ်ကြည့်မိသည်။

'ညကျရင် အိမ်သာကိုခနလိုက်ခဲ့'

ရွှေမြတ် ဘေးနားကဘောပင်တစ်ချေင်းကိုယူပြီး
'ငါနာမည်မှတ်မှာ စာလိုက်ကြည့် ထန်းရင်း ရိုင်'

ရွှေမြတ်ဆရာမအခြေနေကြည့်ပြီး အထဲကိုပေးလိုက်တော့ ခဏကြာမှာ အပေါက်ထဲကပြန်ထွက်လာတဲ့ စာရွက်လေး
'အိမ်သာကိုလာခဲ့မယ်ဆိုရင် စာလိုက်ကြည့်မယ်'

သက်ပြင်းသာအခါခါချပြီး
'အင်း' ဆိုတဲ့စာလေးပြန်ပေးလိုက်တော့ သူ့ကတိတိုင်းစာလိုက်ကြည့်ပါသည်။ မရတော့ဘူး နောက်တစ်ခါအဲ့လိုလုပ်ရင်တော့ နာမည်တကယ်မှတ်တော့မှာ။

စာသင်ခန်းထဲကကလေးတွေထွက်လာတော့ သူပါမလာ တံခါးဖွင့်ပြီးအထဲကိုကြည့်တော့ ဘောပင်တွေသိမ်းနေတဲ့သူ

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now